Monday, December 22, 2008
{ စရေးဖြစ်သွားတဲ့ အကြောင်းလေး }

စရေးဖြစ်တဲ့ အကြောင်းလေးကတော့.. ဒီနေ့ ဘာ meeting ဘာ camp မှမရှိတာနဲ့ ညနေပိုင်း ဘောလုံး ကန်ပြီး ပြန်လာတော့.. အိမ်မှာ- သူများ blog လေးတွေ ဖတ်မိရင်းကနေ... အတွေးလေး တစ်ခုဝင်လာတယ်ပေါ့ဗျာ... "ငါလည်း blog တစ်ခုလောက် ရေးဦးမှပဲ၊ နေ့စဉ်ဖြစ်ပျက်နေတာလေးတွေ မှတ်တမ်းမှတ်ရာ ကျန်အောင် " ဆိုပြီး အဲဒီအတွေးလေးနဲ့ ဒီ မှင်စာ blog လေးကို စတင်ရေးဖြစ်တာပါဗျာ..
အဲဒါနဲ့ပဲ.. သူငယ်ချင်း သံလွင်ဟီးရိုး ကို အရေးပေါ်အကူအညီတောင်းရတော့တာပေါ့.. (တခါမှ.. မရေးဘူးတော့လည်း... ဆရာတင်ရတာပေါ့ဗျာ... ဟီးဟီး..)
ဘာလို့ ဒီ မှင်စာ ဆိုတဲ့ နာမည်လေးကို ရွေးသလဲ ဆိုတော့ ဒီ blog လေးကို ကျွန်တော် တစ်ယောက်တည်း ရေးတာ မဟုတ်ပါဘူး။ ကျွန်တော် မှင်စာကြီး နဲ့ အတူ တိုင်ပင်ဖော်၊ တိုင်ပင်ဖက်၊ ကမြင်းဖော် ကမြင်းဖက်..၊ ကိုက်ဖော် ကိုက်ဖက် မှင်စာလေး နဲ့ အတူ ၂ ယောက်ရေးမှာ ဖြစ်ပါတယ်( ကျွန်တော် တစ်ယောက်တည်း ရေးရင် ကျွန်တော့် ပရိသတ်တွေ ပိုစ့်အသစ် တွေ မဖတ်ရမှာ စိုးလို့ပါ..ဟဲဟဲ..) ... ဒါကြောင့် blog နာမည်လေးကို မှင်စာ ဆိုပြီး ပေးလိုက်ရတာပါ....
ဒီ blog လေးမှာ- ကျွန်တော်တို့ နေ့စဉ် ကြုံတွေ့ ဖြတ်သန်းနေရတဲ့ ဘ၀တွေ၊ ဖြစ်ပေါ်လာတဲ့ ခံစားမှုတွေ၊ ပေါ်ပေါက်လာတဲ့ အတွေးတွေ ကို ညီအစ်ကို မောင်နှမတွေ ကို မျှဝေချင်ပါတယ်... ပြန်လည်ရရှိလာမဲ့ feedback တွေ comments တွေကို သုံးသပ်ကာ.. မိမိကိုယ်ကို၊ မိမိပတ်ဝန်းကျင်၊ မိမိအသိုင်းအ၀ိုင်း၊ တို့မှတဆင့် မိမိနိုင်ငံ ကိုပါ တိုးတက်လာအောင် ကောင်းမွန်လာအောင် ကြိုးစားသွားချင်ပါတယ်...
အမှားများ ရှိခဲ့ရင်... ဝေဖန်ပါ၊ အကြံပေးပါ၊ တခါတရံ ခွင့်လွှတ်နားလည် ပေးကြပါ...
ကျေးဇူးအများကြီး တင်ပါတယ် ဗျာ..
Labels: အထွေထွေ
2:30 AM
♥the unknown sercets♥