Tuesday, December 30, 2008

{ New Year & New Canteen(MAKAN PLACE) }

လက်တို့ပြီးတော့ ပြောရဦးမယ်..... (အဲဟုတ်ဘူး) ဘလော့ရေးပြီးတော့ ကြွားရဦးမယ်.....
ကျွန်တော်တို့ NgeeAnn Poly မှာ New Year နဲ့အတူ Canteen အသစ်ကြီးကို ဖွင့်လှစ်လိုက်ပါပြီဗျာ.... canteen ရဲ့ နာမည်ကိုတော့ အရင်ကလို canteen 1 တွေ၊ canteen 2 တွေ လို မပေးတော့ဘဲ ထူးထူးဆန်းဆန်း MAKAN PLACE ဆိုပြီး ပေးထားလေရဲ့ဗျာ။ MAKAN ဆိုတာကတော့ မလေးလို စားသုံးခြင်း(eating) ဟုခက်ဆစ်ဖွင့်လို့ ရပါတယ်။

တည်နေရာကတော့ အရင် engineering ကျောင်းသား များချစ်ကြတဲ့ Manufacturing Workshop ကြီးတည်ရှိရာ BLK-51 မှာ ဖြစ်ပါတယ်။... Makan Place ကြီးထဲမှာ- အဓိက ကတော့ Chinese, Japanese, Western, Indian, Malay, Snack အစရှိတဲ့ ဆိုင်တွေပါဝင်ပါတယ်။ ဆိုင်ပေါင်း ၂၀ နီးပါး ပါဝင်တဲ့အတွက် စင်ကာပူမှာ ရှိတဲ့ ကျောင်း Canteen တွေထဲမှာ- အဆင့်အမြင့်ဆုံး ၊ အကောင်းဆုံး တစ်ခု ဖြစ်ပါတယ်။

ဆိုင်တွေအများစုကို Koufu မှတာဝန်ယူထားသလို၊ Hungry Jack , Subway နဲ့ Waffle Town အစရှိတဲ့ ဆိုင်တွေ လည်း ရှိပါတယ်။ canteen တစ်ခုလုံးကို Air-condition လုပ်ထားပါတယ်။ အရင်က သူများကျောင်းက သူငယ်ချင်းတွေနဲ့ တွေ့ရင် "မင်းတို့ ကျောင်းက canteen တွေက ညံ့လိုက်တာ " ဆိုပြီး ပြောခံခဲ့ရသမျှ အခုတော့ ခေါင်းမော့ နိုင်ပြီပေါ့ဗျာ...။

ဈေးနှုန်းတွေကလည်း သင့်တင့်တယ်ဗျာ။ အပြင်ကဆိုင်တွေမှာ s$6 , s$7 ပေးရတဲ့ အစားအစာတွေက အခု s$3 ပတ်ဝန်းကျင်တွေချည်းပါပဲ။ canteen ၀န်ထမ်းများကလည်း ပျူငှာကြပါတယ်ဗျာ။ အားလုံး ဆက်ဆံအဆင်ပြေကြပါတယ်။ (အစမို့လားတော့ မသိ ဟီးဟီး.. )

ကဲ .... NP က အကို၊အမ၊ မောင်နှမ တို့ရေ Makan Place(new canteen) ကြီးမှာ Happy New Year ကို ကြိုဆိုလိုက်ကြပါစို့...။ တခြားကျောင်းက သူငယ်ချင်းတွေလည်း လာရောက်စာသုံးဖို့ ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျာ။.....
အောက်မှာ ဓာတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်......

အ၀င်ပေါက်က Makan Place ဆိုတဲ့ စာသားကြီး



canteen မှာရနိုင်တဲ့ အစားအစာတွေ ရေးပြထားတယ်



ဆိုင်ဖွင့်ပွဲနေ့ အမှတ်တရ ပန်းစည်းတွေ



ဆိုင်ပေါင်း ၂၀ ခန့်ထဲမှ အဖွဲ့ဝင်တစ်ဆိုင်



စားပွဲအခင်းအကျင်း



ထူးထူးခြားခြား WaffleTown နဲ့ Subway


လူစားများတဲ့ One Pot (Hot Pot အသေးစား)



မှင်စာလေး စားတဲ့ ice-cream waffle


Labels:



5:00 PM
♥the unknown sercets♥




Sunday, December 28, 2008

{ နေ့စွဲမရှိသော အမှတ်တရများ }

ကျွန်တော်တို့ NPMM(NgeeAnn Poly Myanmar) မှ အဖွဲ့အစည်းကိုယ်စားပြု Logo များ၊ ဆောင်ပုဒ်များ ပေါ်ထွက်ပြီးသည့်နောက် ယခုတဖန် ကိုယ်စားပြုသီချင်းလေး ထွက်ပေါ်လာပြန်ပါတယ်။

အဆိုပါသီချင်းလေးကို တော့ NPMM မှ ငြိမ်းချမ်းလူ (ကိုအရိုင်း) မှ ရေးစပ်ထားပြီး သူကိုယ်တိုင်နှင့် အတူ ခိုင်မြဲ၊ ၀င်းလေး နှင့် အေးမြင့်ဝင်း တို့မှ သီဆိုထားကြခြင်းဖြစ်ပါတယ်။ သီချင်းလေးမှာ ကိုယ်ပိုင်သံစဉ် (own tune) လေးဖြစ်ပြီး နားဝင်ချိုလှသော Pop သီချင်းအမျိုးအစားလေး ဖြစ်ပါတယ်။

NgeeAnn Poly ကျောင်းတော်ကြီးနှင့် ပတ်သတ်သမျှ အမှတ်တရဖြစ်စရာများ၊ လွမ်းမောဖွယ်ရာများကို အခြေပြုကာ ရေးဖွဲ့ ထားတဲ့အတွက် လက်ရှိကျောင်းသား၊ ကျောင်းသူ များသာမက နောင်တော် Graduate အကို၊အမ များပါ ခံစားနိုင်ပါတယ်။

သီချင်းရဲ့ MTV version ပုံစံ ၊ နောက်ခံ ဓာတ်ပုံ များနှင့် သရုပ်ဖော်ကိုတော့ ကျွန်တော်(မှင်စာကြီး) ၊ မှင်စာလေး နှင့် အရိုင်း တို့မှ ပြုလုပ်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၈၊ ၂၀၀၇ နှစ်များအတွင်း NPMM ဧ။် ထင်ရှားသော Activities များမှ ဓာတ်ပုံများကို အသုံးပြုကာ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ အမှားအယွင်း တစုံတရာ ပါရှိပါကာ နားလည်ခွင့်လွှတ် ပေးကြပါရန် တောင်းပန်အပ်ပါတယ် ခင်ဗျာ.....

သီချင်းစာသား နှင့် MTV version လေးကိုတော့ အောက်ပါအတိုင်းခံစားနိုင်ပါတယ် ခင်ဗျာ.....





နေ့စွဲမရှိသော အမှတ်တရများ


V1: ပြန်တွေ့ခွင့်မရှိပေမယ့် ပျော်ဖူးတဲ့ အချိန်တွေရောက်တိုင်း
ဒီလမ်းထက်က ငါတို့ အချစ်သက်သေ
အပြုံးများစွာနဲ့ ဆုံခဲ့ဖူးတဲ့ တွဲလက်များ
ဒီအချိန်မှာ အရိပ်တစ်ခု ဖြစ်နေခဲ့
အတူရှိဖူးခဲ့တဲ့ သူငယ်ချင်းများရယ်
အခုတော့ တစ်ကိုယ်စီကွဲ နှုတ်ဆက်သွားပြီပဲ

CHO: ရေမြေခြားကွာ တို့ဝေးသွားရင်လည်း
ငါတို့ရဲ့ နေ့စွဲတွေ ဘယ်သူဖြတ်လို့ မပြတ်နိုင်ခဲ့
သက်ဆုံးထိ ရှိနေမယ်
ဒီသီချင်းကို ငါတို့ဖွင့်ဆိုမယ်
အဆုံးမဲ့ အချစ်များဟာ NP Myanmar အတွက် ရှိနေမယ်

V2: အရင်က လမ်းကလေးတွေလည်း
အခုတော့ ဘယ်မှာလဲ
ခြေရာထပ်ခဲ့သော Ngee Ann ကျောင်းတော်ကြီးရဲ့ အလယ်
ဒီအနာဂတ်ဆိုတဲ့ လောကကွန်ယက်ထဲ အောင်မြင်မှုဆိုတဲ့
ဒီလမ်းစကို ရှာရင်း
တစ်ချိန်မှာ ရလဒ်က ငါတို့ ဝေးမယ် ဆိုတာ သိနှင့်နေပေမယ့်
သွေးစည်းချစ်ခင်ဆဲ

CHO x 2


Labels:



6:00 PM
♥the unknown sercets♥




Saturday, December 27, 2008

{ မဟာဝီရ အို..ဗုဒ္ဓ }


ခရစ်ယာန်ဘာသာဝင်တွေ ကလည်း သူတို့ရဲ့ ခရစ္စမတ်ပွဲတော်တွေ ကျင်းပနေကြချိန်မှာ- ကျွန်တော်လည်း အားကျမခံ youtube မှာ ဗုဒ္ဓ၀င်နဲ့ ပတ်သက်တာလေးတွေ (ဇာတ်လမ်းတွဲလေးတွေ၊ သီချင်းလေးတွေ) ရှာမိတယ်ဗျာ..။

အဲဒီမှာ ရှာရင်းနဲ့ တွေ့မိတဲ့ သီချင်းလေး တစ်ပုဒ် ရှိတယ်ဗျ.... သီချင်းလေးကတော့ တော်တော်အဓိပ္ပါယ်လည်း ပြည့်စုံတယ်၊ သံစဉ်လည်း ကောင်းတယ်၊ တချို့စာသားတွေဆိုရင် မြင့်လွန်းလို့ လိုက်လို့တောင် မမီဘူးဗျာ။

ဒီသီချင်းလေးရဲ့ အမည်ကတော့ မဟာဝီရ.. အိုဗုဒ္ဓ ပဲဖြစ်ပါတယ်။ ရေးသားတဲ့ တေးရေးဆရာတွေကတော့ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ထူးအိမ်သင် နဲ့ မောင်မောင်ဇော်လတ် ဖြစ်ပါတယ်။ သီဆိုထားသူကလည်း ကိုငှက်ကြီး (ထူးအိမ်သင်) ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အေးမြကြည်လင် တဲ့အသံနဲ့ ဒီသီချင်း ဟာ ရေနှင့်ကြာ ပမာ လိုက်ဖက်လှပါတယ်။ ပြီးတော့- ဒီသီချင်းရဲ့ ထူးခြားချက်ကတော့ သီချင်းတစ်ပုဒ်လုံး အချောသတ်ပြီးစီးနိုင်ဖို့အတွက် သံစဉ်ရှာခြင်း၊ စာသားရေးသားခြင်း အစရှိသည်တို့အတွက် ၁၀ နှစ်ခန့် ကြာမြင့် ခဲ့ပါတယ်။
(မြန်မာပြည်မှာ- အခုနောက်ပိုင်း ထွက်ပေါ်လာတဲ့ ပေါ်ပင်ခေတ်သီချင်းတွေကတော့ အဓိပွါယ်မရှိဘဲ ရောက်တတ်ရာရာ ရေးသားပြီး ဆဲဆိုနေသလို၊ ရန်တွေ့နေသယောင် သီဆိုထားတာတွေ့ရတော့ အတော်စိတ်ပျက်မိပါတယ်။ ဒီလို ပြီးပြည့်စုံတဲ့ သီချင်းနဲ့ အဲဒီ သီချင်းတွေ ယှဉ်လိုက်ရင် မိုးနဲ့မြေ လို ကွာခြားပါတယ်ဗျာ..)

သီချင်းရဲ့ အစပိုင်းမှာ- ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ၊ သရဏ တယံ အဟံ ပူဇေမိ ဆိုပြီး ရတနာသုံးပါးကို တိုင်တည်ကာ အစတည် ဖွင့်လှစ်ထားပါတယ်။ အပိတ်ပိုင်းမှာလည်း ထိုအတိုင်း ပြုလုပ်ထားပါတယ်။ နောက်ခံအတီးပိုင်းမှာ- ဘုရားရှင်ရဲ့ မူရင်းဇာတိဖြစ်တဲ့ အိန္ဒိယတေးသွားသံစဉ် ပုံစံ လေးတွေ ထည့်သွင်းထားတာဟာလည်း တစ်မျိုးတစ်ဖုံ ထူးဆန်းနေပါတော့တယ်။ တကယ်တော့ ဒီသီချင်းလေးဟာ သီချင်းတစ်ပုဒ် အနေနှင့်သာမက တရားတစ်ပုဒ်အနေနှင့်ပါ နားဆင်နာယူနိုင်ပါသည်။

သီချင်းအပြည့်အစုံလေးကို တော့ အောက်မှာ ခံစားကြည့်ကြပါ။..။


Labels:



6:00 PM
♥the unknown sercets♥




Thursday, December 25, 2008

{ သြော်... စလုံး ခရစ္စမတ်တဲ့လား }


ဒီနေ့ ခရစ္စမတ်နေ့ (၂၅ ရက်နေ့) မှာ စင်ကာပူမှာ ခရစ္စမတ် အခမ်းအနားကို အကြီးအကျယ်ကျင်းပကြတာပေါ့ဗျာ... လမ်းတွေပိတ် ဘာပိတ်ညာပိတ်နဲ့ ပေါ့ဗျာ.... (ဒီနေ City Hall သွားတာတောင် Orchard Road ကြီး ပိတ်လို့ ဘယ်နေရာတွေ မှန်းမသိ တဲ့ နေရာတွေ ကွေ့ပတ်ပြီး သွားရတယ်ဗျာ... )

ကျုပ်ကို လူဂွစာ ပဲပြောပြော။ မခံစားတတ်ဖူးပဲပြောပြောဗျာ။ စလုံးမြေမှာ - ခရစ္စမတ် ၂ ခါ ကြုံတွေ့ခဲ့ရပေမယ့် ကိုယ်နဲ့ မဆိုင်သလိုပါပဲ။ ရွှေမြန်မာပြည်မှာ ဆိုရင် အခုအချိန် အနွေးထည်လေးတွေ ၀တ်ပြီး လူထုလမ်းလျှောက်ပွဲတို့၊ ဒီဇင်ဘာ အားကစားလှုပ်ရှားပွဲတို့ ဆင်နွှဲရတာ အရမ်းပျော်ဖို့ကောင်းတာပဲ။

ကျုပ်က အညာသားဆိုတော့ ဇာတိအညာမှာ က နွေမှာ အပူပြင်းသလောက် ဆောင်းဆိုရင် အအေးပိုတယ်လေ။ ချင်း၊ ကချင်၊ ရှမ်း ပြီးရင် တစ်နိုင်ငံလုံး အအေးဆုံးပဲ ပေါ့ဗျာ...။ သြော်.. လွမ်းမိတယ်ဗျာ အညာဆောင်းကို ။ လူမျိုးမရှိ ၊ ဘာသာမရှိ ။ ကမ္ဘာ့မြေပုံ ပေါ်မှာ ရှာလို့မရတဲ့ အပြင် ရာသီဥတု ပါ သတ်သတ်မှတ်မှတ် မရှိတဲ့ နိုင်ငံ မှာ နေရာတာ သဘာဝ အလှတရားတွေကို မခံစားရသလိုပဲ။
သူတို့ဘာသာ လူဖန်တီးတဲ့ အလှတရားတွေ ပြည့်နှက်နေပါစေ ကျုပ်လွမ်းမိတာကတော့ အညာဆောင်း ပါပဲ။ ခရစ္စမတ် ဆိုတဲ့ အရာကလည်း နှင်းတွေ၊ မြူတွေ နဲ့ အလှဆင်ရသလို အနွေးထည် ထူထူတွေ ၊ ခေါင်းစွတ်တွေ ၊ ခြေစွတ်တွေ ပါမှ ပြီးပြည့်စံတာပေါ့ဗျာ။ ဒီမှာက အနွေးထည်ဝတ်ဖို့နေနေသာသာ ချွေးသုတ်လို့တောင် မနိုင်ပါဘူးဗျာ။ ချွေးတလုံးလုံး နဲ့ ခရစ္စမတ်ပေါ့။ တော်သေးတယ် မိုးလေး ရွာပေးလို့ အပူသက်သာတယ်လေ။

ကျုပ်တို့ အညာဆောင်း ၊ အညာခရစ္စမတ် ဟာ ဒီမှာလို မီးအရောင်စုံ ထွန်းလင်းနိုင်ချင်မှ ထွန်းလင်းနိုင်မယ်။ ဒါပေမယ့် ဆောင်းပီသတယ်။ ဆောင်းရနံ့ ၊ ဆောင်း အငွေ့အသက် ရှိတယ်။ ဒီမှာလို ရုပ်ဝတ္ထုပစ္စည်းတွေ နဲ့ တန်ဆာဆင်နိုင်ချင်မှ ဆင်နိုင်မယ် ။ ဒါပေမယ့် သဘာဝ အလှတရားတွေ နဲ့ လှပနေတယ်။ လွမ်းမိတယ် အညာဆောင်းရယ်။..။

မိမိနိုင်ငံမှာ ဘ၀အာမခံချက် မရှိလို့သာ တိုင်းတပါးကို ထွက်လာခဲ့ပေမယ့် ကျုပ်လိုပဲ ဇာတိချက်ကြွေ ဒေသကို လွမ်းဆွတ်နေမယ့် သူတွေ ရေတွက်ရနိုင်မှာလား။ ....။

Labels:



11:00 PM
♥the unknown sercets♥




Tuesday, December 23, 2008

{ National Stadium Silenced }


ပြီးခဲ့တဲ့ Sunday က ၊ စင်ကာပူ National Stadium မှာ အာဆီယံ Suzuki Championship ဆီးမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် စင်ကာပူ အမည်ခံ နိုင်ငံတကာ တပ်ပေါင်းစု အသင်း နှင့် ဗီယက်နမ် အသင်းတို့ ယှဉ်ပြိုင်ကစား ခဲ့ကြပါတယ်.၊၊
ဗီယက်နမ် နိုင်ငံ မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပထမအကျော့ ပွဲစဉ်မှာ ဂိုးမရှိသရေ ကျခဲ့ပါတယ်.. အဲဒါကြောင့် စလုံး တပ်ပေါင်းစု အသင်းက အများကြီး အခွင့်သာခဲ့ပါတယ်..၊၊ ဒီပွဲမှာ Champion League လို အဝေးဂိုးဥပဒေ လည်း မရှိတဲ့အတွက် စလုံးအသင်းအနေနှင့် အဝေးဂိုးပေးရလည်း မှုစရာ မလိုဘူး ပေါ့ဗျာ။
ပွဲကြည့်စင်မှာလည်း LIONS FEAR NONE ဆိုတာတွေ ဘာတွေနဲ့ ပေါ့ဗျာ။.. အဲ.. ဗီယက်နမ် တွေကလည်း အထင်မသေးနဲ့ဗျ..
ပရိသတ် ၅၀၀၀ ကျော်လာအားပေးတယ်ဗျ... (အဲ ကျုပ်တို့ ရွှေမြန်မာ တွေကိုတော့ မမှီဘူးပေါ့ဗျာ.. )

ပွဲစတာနဲ့ အဲဒီ နိုင်ငံတကာ အဖြူ၊အမဲ ပေါင်းစုံ အသင်းကြီးဟာ ခွန်အားတွေ အရပ်အမောင်းတွေ သုံးပြီး အနိုင်ရရှိရေး ကြိုးစားတယ်ပေါ့ဗျာ.. ဗီယက်နမ်တွေကလည်း ဘယ်ရလိမ့်မလဲ အသည်းမာတယ်... အမေရိကန် ကိုတောင် ခံချလာတဲ့ ကောင်တွေပဲ။ ဂိုးသမားနဲ့ နောက်တန်းက တော်တော် ကိုကောင်းတယ်.။ စလုံးရှေ့တန်းက ဟို အားကစားစိတ်ဓာတ်မရှိတဲ့ အလစ်သမား နိုအလမ်ရှား ဆိုတဲ့ ဘဲလည်း လောဘကြီးနေတာနဲ့ ဂိုးပေါက်ပျောက်နေလေရဲ့ ။
အဲလိုနဲ့ ကစားလာကြတာ မိနစ် ၈၀ နားရောက်တော့- စင်ကာပူ နောက်တန်းကို ကျော်ဖြတ်ပြီး ဗီယက်နမ် ရှေ့တန်း က အနိုင်ဂိုးသွင်းယူသွားတယ်ဗျာ။ National Stadium Silenced!!! ငြိမ်သက်သွားတာပေါ့ဗျာ။
စိတ်ဓာတ်မာတဲ့ ဗီယက်နမ်တွေဟာ ပွဲပြီးတဲ့ အထိ ပိတ်ဆို့ပြီး ကစားနိုင်ခဲ့လို့ စလုံးမြေမှာ- နိုင်ငံတကာ ရောင်စုံ အသင်းကြီး ကျဆုံးခဲ့တာပေါ့ဗျာ။
ဒီပွဲမှာ ကျုပ်တို့ မြန်မာလက်ရွေးစင်အသင်း ဗီယက်နမ် အသင်းကို အတုယူသင့်တယ်ဗျာ။ အိမ်ရှင်အသင်းတွေ နဲ့ တွေ့ရင် မြေကြီးလက်ခတ်မလွဲ ရှူံးရှူံး နေတဲ့ မြန်မာအသင်း ဗီယက်နမ် လို စိတ်ဓာတ်မာမာနဲ့ ကစားရမယ်။ ဗီယက်နမ်ကို အားမပေးပါဘူး။ ဒါပေမယ့် အတုယူရမယ်။ (ဗီယက်နမ် ဒိုင်ကပဲ မြန်မာအသင်းကို နစ်နာအောင် လုပ်ခဲ့တာပဲလေ)
ပွဲပြီးခါနီးမှာ ဗီယက်နမ် ကစားသမား ၁ ယောက် အနီပြခံရတာပဲ။ ဒါပေမယ့် သူတို့က စိတ်ဓာတ်မာတယ်။ မြန်မာတွေလို စိတ်ဓာတ်အကျမလွယ်ဘူး။ ခံနိုင်ရည်ရှိတယ်။ တကယ်တမ်း ဗီယက်နမ် အသင်းသားတွေဟာ မြန်မာတွေလောက်တောင် လူကောင်မကြီးပါဘူး။ (ဥပမာ- ရန်ပိုင်၊ ဇော်လင်းထွန်း၊ ကျော်ခိုင်ဝင်း တို့ဟာ အရပ်အမောင်း ကောင်းတဲ့ သူတွေပါ။)
ဗီယက်နမ်ဘက်မှာ - စိုးမြတ်မင်း ၊ ရာဇာဝင်းသိန်း၊ မျိုးမင်းထွန်း တို့လို ဘောလုံးကို ပင်ကိုယ်ကျွမ်းကျင်တဲ့ သူလည်း အများကြီး မပါ ပါဘူး။ သူတို့ဟာ စိတ်ဓာတ်(Moral) တစ်ခုတည်းနဲ့ ကစားသွားတာပါ။ အိမ်ရှင်အသင်းတွေ ဘာတွေ စဉ်းစားမနေဘဲ ၊ ကြောက်စိတ်ဝင် မနေဘဲ ကစားသွားလို့ အနိုင်ရသွားတာပါ။
ခြင်္သေ့ စင်ကာပူ အသင်းကတော့ အရပ်အမောင်းရော ဘောလုံးကျွမ်းကျင်မှုပါ ကောင်းပါတယ်။ ဒါပေမယ့် ကစားသမားတွေဟာ နိုင်ငံသား အစစ်(စင်ကာပူသွေးအစစ်) တွေ မဟုတ်တဲ့အတွက် တကယ်တမ်း မိုးထဲရေထဲ၊ ကျင်းထဲကြပ်ထဲ အခြေအနေတွေမှာ သိသာပါတယ်။
မွေးစားနိုင်ငံသားဟာ သွေးရင်းသားရင် နိုင်ငံသားအစစ်လောက်တော့ မိမိနိုင်ငံကို ချစ်မှာ ၊ မိမိနိုင်ငံအတွက် ကြိုးစားမှာ မဟုတ်တာ အမှန်ပါပဲဗျာ။

ဘာပဲပြောပြော အုပ်စုပွဲ(မြန်မာနဲ့ပွဲ)မှာ မတရားသောနည်းနဲ့ အနိုင်ရရှိခဲ့တဲ့ စင်ကာပူအသင်း အခုတော့ အောင်ဖျာလိပ်သွားတာ ၀မ်းသာပါတယ်ဗျာ။...။

Labels:



2:05 AM
♥the unknown sercets♥




Monday, December 22, 2008

{ ဒီဇင်ဘာ }

ဒီဇင်ဘာ ရောက်ပြီဆိုတော့ ဒီဇင်ဘာ နဲ့ ပတ်သတ်တဲ့ သီချင်းလေးတွေ တင်ပေးရမယ်.....
လောလောဆယ်တော့... Collective Soul ရဲ့ နာမည်ကြီး December ဆိုတဲ့ သီချင်းကိုပဲ တင်ပေးထားမယ်နော်...

နောက်အချိန်ရရင်... ထပ်ပြီး သီချင်းတွေ ရှာပြီး တင်ပေးထားပါမယ်...

ကျေးဇူးပါ...

Labels:



4:45 PM
♥the unknown sercets♥





{ လတ်တလော ကြိုက်မိတဲ့ သီချင်းလေးတွေ... }

အခုတလော.. ကြိုက်မိတဲ့ သီချင်းလေးတွေက... တော်တော်တော့ များသား.... mp3 ထဲက.. သီချင်းတွေလည်း လဲထားတယ်.... သီချင်းအသစ်လေးတွေ ဟိုလူ့ဆီက စု.. ဒီလူ့ဆီကတောင်း.. ဟားဟား..
လောလောဆယ် မြန်မာသီချင်းထဲကတော့... ကိုလေး(လေးဖြူ ရဲ့ ) အသစ်ထွက်တဲ့ BOB(ဘင်္ဂလားပင်လယ်အော်) အယ်လ်ဘမ် ထဲက.. သီချင်းလေးတွေ နားထောင်ဖြစ်တယ်... အားလုံး နီးပါး ကောင်းတယ်။ အကောင်းတွေထဲက.. အကြိုက်ဆုံးလေးတွေ ကတော့..
.ငါ့ရဲ့လမင်း(track 2),
သံယောစဉ်(track 7), စာမျက်နှာ ၁၅ (track 13)....

အဲဒါလေးတွေ ကြိုက်မိတယ်ဗျာ..... တော်တော် ကောင်းတယ်ဗျာ...

အင်္ဂလိပ်သီချင်းထဲကတော့.... Avenged Sevenfold ရဲ့ Dear God , 3 Doors Down ရဲ့ နာမည်ကြီးသီချင်း Here Without you..!! အဲဒီသီချင်းလေးတွေ ကြိုက်မိတယ်.. နားထောင်မိတယ်ဗျာ။... အဲကျန်သေးတယ်... Rock ဘိုးအေကြီးတွေ ဖြစ်တဲ့ Guns & Roses ရဲ့ သီချင်းအဟောင်းဖြစ်တဲ့ Sweet Child O Mine ကိုလည်း နားတွေ့ နေလေရဲ့ ဗျာ.....

အားလုံးလည်း နားထောင်ကြည့်ကြပါ....
ကျေးဇူးတင်ပါတယ်....
Let's Rock..!!!








Labels:



7:00 AM
♥the unknown sercets♥





{ စရေးဖြစ်သွားတဲ့ အကြောင်းလေး }


စရေးဖြစ်တဲ့ အကြောင်းလေးကတော့.. ဒီနေ့ ဘာ meeting ဘာ camp မှမရှိတာနဲ့ ညနေပိုင်း ဘောလုံး ကန်ပြီး ပြန်လာတော့.. အိမ်မှာ- သူများ blog လေးတွေ ဖတ်မိရင်းကနေ... အတွေးလေး တစ်ခုဝင်လာတယ်ပေါ့ဗျာ... "ငါလည်း blog တစ်ခုလောက် ရေးဦးမှပဲ၊ နေ့စဉ်ဖြစ်ပျက်နေတာလေးတွေ မှတ်တမ်းမှတ်ရာ ကျန်အောင် " ဆိုပြီး အဲဒီအတွေးလေးနဲ့ ဒီ မှင်စာ blog လေးကို စတင်ရေးဖြစ်တာပါဗျာ..
အဲဒါနဲ့ပဲ.. သူငယ်ချင်း သံလွင်ဟီးရိုး ကို အရေးပေါ်အကူအညီတောင်းရတော့တာပေါ့.. (တခါမှ.. မရေးဘူးတော့လည်း... ဆရာတင်ရတာပေါ့ဗျာ... ဟီးဟီး..)

ဘာလို့ ဒီ မှင်စာ ဆိုတဲ့ နာမည်လေးကို ရွေးသလဲ ဆိုတော့ ဒီ blog လေးကို ကျွန်တော် တစ်ယောက်တည်း ရေးတာ မဟုတ်ပါဘူး။ ကျွန်တော် မှင်စာကြီး နဲ့ အတူ တိုင်ပင်ဖော်၊ တိုင်ပင်ဖက်၊ ကမြင်းဖော် ကမြင်းဖက်..၊ ကိုက်ဖော် ကိုက်ဖက် မှင်စာလေး နဲ့ အတူ ၂ ယောက်ရေးမှာ ဖြစ်ပါတယ်(
ကျွန်တော် တစ်ယောက်တည်း ရေးရင် ကျွန်တော့် ပရိသတ်တွေ ပိုစ့်အသစ် တွေ မဖတ်ရမှာ စိုးလို့ပါ..ဟဲဟဲ..) ... ဒါကြောင့် blog နာမည်လေးကို မှင်စာ ဆိုပြီး ပေးလိုက်ရတာပါ....

ဒီ blog လေးမှာ- ကျွန်တော်တို့ နေ့စဉ် ကြုံတွေ့ ဖြတ်သန်းနေရတဲ့ ဘ၀တွေ၊ ဖြစ်ပေါ်လာတဲ့ ခံစားမှုတွေ၊ ပေါ်ပေါက်လာတဲ့ အတွေးတွေ ကို ညီအစ်ကို မောင်နှမတွေ ကို မျှဝေချင်ပါတယ်... ပြန်လည်ရရှိလာမဲ့ feedback တွေ comments တွေကို သုံးသပ်ကာ.. မိမိကိုယ်ကို၊ မိမိပတ်ဝန်းကျင်၊ မိမိအသိုင်းအ၀ိုင်း၊ တို့မှတဆင့် မိမိနိုင်ငံ ကိုပါ တိုးတက်လာအောင် ကောင်းမွန်လာအောင် ကြိုးစားသွားချင်ပါတယ်...
အမှားများ ရှိခဲ့ရင်... ဝေဖန်ပါ၊ အကြံပေးပါ၊ တခါတရံ ခွင့်လွှတ်နားလည် ပေးကြပါ...
ကျေးဇူးအများကြီး တင်ပါတယ် ဗျာ..


Labels:



2:30 AM
♥the unknown sercets♥




ကင်ပွန်းတပ်

ကျွန်ုပ်တို့၏ လွတ်လပ်ရာ နယ်မြေသစ်


စကားချီး

*မှင်စာကြီးနှင့် မှင်စာလေး*
NgeeAnn Poly တွင် ပညာရည်သောက်သုံးနေသူများ..
ခံစားမှုများ၊ တွေးထင်မှုများ၊ ဘ၀များ ကို စာသားများအဖြစ် အသွင်ပြောင်းလိုက်ခြင်းပင်..။



အဟောင်းလေးတွေ

December 2008
January 2009
February 2009
March 2009
April 2009


နားနားပြီးပြော



မိတ်ဆွေအပေါင်းအသင်း ဘလော့ခ်များ

သံလွင် Hero
ကိုအရိုင်း
ဝင်းခန့်မောင် (NYP)
အောင်ဖြိုး
ဂျိုးဇက်
ကိုအောင်ကိုမင်း


NP နဲ့ ပတ်သတ်သမျှ

အချစ်ဆုံးကြီး (MEL, NP)
NPal
Student mail
NPMM ဖိုရမ်


ဘောလုံးအကြောင်း

Eleven ဂျာနယ်
Live Scores
မန်ယူ(King of the world..!!)
ဘောသတင်းလေးတွေ
ဘောပွဲတွေ ပြန်ကြည့်မယ်


MUSIC(Myanmar Songs)

Myanmar MP3
FlashBand


Credits

YAll right reserved to
Brushes: I
Fonts: II
Host: III IV
Designer:VI™