Saturday, January 31, 2009

{ သရဲမလေးက.... တကယ်ခြောက်တယ်ဗျ.... }

တကယ့် အဖြစ်အပျက် အတွေ့အကြုံလေးပါဗျာ... အခု ဒီစာကို ချက်ချင်းကို ရေးလိုက်တာပါ....
နေ့ရက်က... ၃၀ ရက်ည.. ၃၁ မနက်ပေါ့.. ဇန်န၀ါရီ ၂၀၀၉.... အချိန်က... ညသန်းခေါင်ယံ ၁၂ နာရီကျော်.....နေရာက.. ကျွန်တော်တို့ NgeeAnn ကနာမည်ကြီး.. Block 50.... (ဒန် ဒန့် ဒန်)....

ISC က ညီမငယ် ရတနာ organize လုပ်တဲ့ Movie Marathon မှာ ပေါ့.... ISC လို့ဆိုပေမယ့် တကယ်တမ်းတော့ မြန်မာတွေ ချည်းပါပဲ... ISC is nth w/o Myanmar ဆိုတဲ့အတိုင်းပေါ့... ည ၉း၃၀ မှာ စာရင်းပေး ဘာညာသရကာ လုပ်ကြတာပေါ့ဗျာ...

ရုပ်ရှင်တွေမပြခင်မှာ... အဲဒီ block 50, Level 6 ကို ကျွန်တော်နဲ့ ညီငယ် အားမာန် တစ်ခါ တက်သွားသေးတယ်... အဲဒီ အချိန်တုန်းက. part-time class တွေရှိသေးတော့.. လူတွေလည်း ဆူဆူညံညံ၊ မီးတွေလည်း ထိန်ထိန်လင်းပေါ့ဗျာ။ သရဲရှိရင်တောင်.. လူတွေကို ကြောက်လို့ ထွက်လာမှာ မဟုတ်ဘူး...။
ဒါနဲ့ ၁၀ နာရီကျော်ကျော် လောက်မှာ ပထမဆုံး ရုပ်ရှင်ကား စပြတယ်... ကောင်းပါတယ်... Joruney To The Center Of The Earth ဆိုတဲ့ ကားလေးပါ....
အဲဒီကားလည်း ပြီးရော... ဇာတ်လမ်းက စတော့တာပဲ....

ဇာတ်ကားတစ်ကားပြီးတိုင်း break ပေးတာပေါ့... အဲဒီဇာတ်ကားပြီးတော့... မုန့်နဲ့ အအေး တိုက်မယ်ဆိုပြီး ခဏအနားပေးတယ်လေ... အိမ်သာသွားတဲ့သူသွား၊ မုန့်စားတဲ့သူစားပေါ့ဗျာ..... (ဟဲဟဲ.. ကောင်းခန်းရောက်လာပြီ... ) အဲမှာ.. ပြသနာစပြီး မီးထွန်းတာက.. ကျွန်တော်ပါပဲဗျာ..... အဟက်....
Block 50 ကသရဲခြောက်တယ်... ဘယ်သူ အပေါ်တက်မလဲဆိုပြီး ပြောတာပေါ့။... အဲဒီမှာ.. နည်းနည်း မယုံသင်္ကာဖြစ်တဲ့ သူတွေ က လိုက်မယ်ပေါ့... ယောင်္ကျားလေးတွေရော..၊ မိန်းကလေး တွေရော ပေါ့... မှတ်မိသလောက်ပြောရမယ်ဆိုရင်.. ငတင့်၊ အားမာန်၊ ချမ်းငြိမ်း၊ ကျော်ကိုလတ် နဲ့ စန္ဒီမ၊ သဒ္ဓါ ပြီးတော့.. မှင်စာလေး ရယ်.. ကျွန်တော်ရယ်ပေါ့... ။ တက်သွားကြပါလေရော.... Lift မသုံးဘဲ လှေကားနဲ့ တက်သွားကြတာ.ပေါ့......

ဒန်.. ဒန့်.. ဒန်.... အဲမှာ ၄ ထပ်လည်း ရောက်ရော... အောက်ကနေ မိန်းကလေး အော်သံ ကြားလိုက်ရပါလေရော.... ။ အဲဒီနား မရောက်ခင်က... ကျွန်တော်တို့ အုပ်စုလည်း ဟိုအော်ဒီအော် ဆိုတော့... အောက်မှာ ကျန်ခဲ့တဲ့ တစ်ယောက်ယောက်နောက်တာပါပဲ လေ ဆိုပြီး.. သွေးတောင်မပျက်ကြပါဘူး...။ Level 6 ၀ရန်တာကနေ ပတ်လျှောက်ပြီး.. Lift နဲ့ ပြန်ဆင်းလာတာပေါ့.... အေးဆေးပါ.. စာဖတ်ပရိသတ်ကြီး မလန့်နဲ့ဦးနော်.. ဒါအစ...

အောက်ရောက်တော့ ကျန်ခဲ့တဲ့သူတွေကိုမေးတာပေါ့.. ခုနက.. အောက်ကနေ ဘယ်သူအော်တာလဲပေါ့..။ သူတို့ကလည်း ဘယ်သူမှ မအော်ဘူးတဲ့..။ မနောက်ကြနဲ့နော်... လို့ မေးတော့... သေချာပြောတယ်... ဘယ်သူမှ မအော်ဘူးတဲ့...။ အဲ.. နည်းနည်းတော့.. စိတ်ထဲမှာ တထင့်ထင့် ဖြစ်လာပြီ... ။

ကျွန်တော်ပဲ ပြသနာကို ဂျင်နရေတာ ထွန်းရှာတာပါ... အဟက်... ။ လာကွာ ထပ်တက်မယ် ဆိုပြီး စိန်ခေါ်တာပေါ့... ဒီတစ်ခါ ယောင်္ကျားလေးတွေ ချည်းပဲ တက်မယ်ပေါ့..။ သူရဲကောင်းတွေ ဟီးရိုးကြီးတွေ ထွက်လာကြတာပေါ့..။ ကိုအရိုင်းရယ်၊ အာကာရယ်၊ ချမ်းငြိမ်းရယ်၊ ဘဲကြီးရယ်က.. လူသစ်တွေ၊ လူဟောင်းထဲက.. အားမာန်နဲ့ ကျွန်တော်ပေါ့... Lift နဲ့တက်တာပေါ့.ဘယ်အပင်ပန်းခံမလဲ..ဟဲဟဲ...

စပါပြီ....ဓာတ်လှေကားဟာ Level 6 ကို ရောက်ရှိလာပါပြီ.... အထဲက စာသင်ခန်းတွေထဲကို ဖြတ်လျှောက်ကြမယ်ပေါ့... ။ အားလုံးသဘောတူညီစွာ နဲ့ ၀င်သွားကြတာပေါ့... ။ နည်းနည်းတော့ လန့်တယ်.. ဖုန်းက မီးအရောင်နဲ့ EXIT ဆိုတဲ့ ဆိုင်းဘုဒ်က မီးရောင်ပဲ မြင်ရတယ်လေ... စာသင်ခန်း ၁ ခန်းပြီး ၁ ခန်းကျော်လာတယ်... ဘာမှ မထူးခြားသေးဘူး...။ ၅ ခန်းလောက်လဲ ကျော်ပြီးရော မိန်းကလေး အိမ်သာကို ရောက်ပါလေရော...။ အားလုံးကြည့်လိုက်ကြတယ်.. အထဲမှာ မီးလင်းနေလေရဲ့ဗျာ..။ အံ့အားသင့်ကုန်ကြတယ်။ မီးလင်းစရာအကြောင်းမရှိဘူးလေ...။ NP ကအိမ်သာတွေက sensor တွေတက်ထားတာလေ.. အထဲမှာ လူရှိမှ မီးလင်းရမှာလေ... နည်နည်းတော့ ကျွတ်ကြဲကုန်ပြီ...။ ယောင်္ကျားလေး အိမ်သာလည်း ရောက်ရော.. လုံးဝ မီးမလင်းဘူးဗျာ...။ အားလုံးရဲ့ ခြေလှမ်းတွေဟာ အော်တို မြန်လာကြတယ်။..။
ဘာလို့ မိန်းကလေး အိမ်သာပဲ မီးလင်းရတာလဲ...အားလုံး စိတ်ထဲမှာ စဉ်းစားကုန်ပြီ..

လှေကားကနေ လမ်းလျှောက်ဆင်းကြတယ်။....။ ဖုန်းကို ကိုင်ထားတဲ့ အားမာန်က ရှေ့ဆုံးကပေါ့..။ ဖြည်းဖြည်းချင်းဆီ ဆင်းကြတယ်..။ ကျွန်တော်တို့ ဆင်းလာလိုက်တာ ၃ ထပ်ကိုလည်း အရောက်.. ကျွန်တော်တို့ အနောက်ကနေ မိန်းကလေး တစ်ယောက်ရဲ့ သဲ့သဲ့လေး အော်သံကို အားလုံး ရှင်းရှင်းလင်းလင်းကြီး ကြားလိုက်ရတယ်ဗျာ.... ။ အားလုံးလည်း နောက်ကျခြေထောက် သစ္စာဖောက် ဆိုပြီး အမုန်းဆွဲ တော့တာပေါ့...။ ၀တုတ်ကြီး ကိုအရိုင်းခမျာ... မဆင်းနိုင်ရှာလို့ သူ့ကို စောင့်စောင့် ခေါ်နေရတာနဲ့ ၃ ထပ်ကနေ မြေညီထပ်ဆင်းတာ တော်တော်နဲ့ မရောက်နိုင်ဘူး... ။ အောင်မလေး.. မြေကြီး နဲ့ ခြေထောက် ထိမှပဲ အသက်မှန်မှန် ရှူနိုင်တော့ တာပဲ...။

အောက်ရောက်တော့ အားလုံးကို ပြောပြတော့.. အားလုံးရှိန်သွားတာပေါ့...။ ကျွန်တော်တို့လည်း နည်းနည်းလေးတော့ ကျွတ်ကြဲသွားပြီ...။ အဲဒီနောက် ဆက်ပြီး ပြတဲ့ ဒုတိယကားကလည်း သရဲကား.. The Eye ဆိုတဲ့ကား...။ အဲဒီကား ပြပြီးတော့.. break time မှာ အပေါ်ထပ်တက်ဖို့ စည်းရုံးတာ ဘယ်သူမှ စည်းရုံးလို့ မရတော့ဘူးဗျာ.... ။...။

အဲဒါနဲ့ပဲ ရုပ်ရှင်ပြန်ဝင်ကြည့်ကြတော့တာပေါ့.. သူများတွေ ကြည့်နေတုန်း.. ကျွန်တော်လည်း သူများ laptop လေး ငှားပြီး ချက်ချင်းကို မှတ်တမ်းတင်လိုက်ရတာပေါ့ဗျာ...
ကျုပ်ဘ၀မှာ သရဲနဲ့ ပတ်သတ်ပြီး ထင်ထင်ရှားရှားကြီး ကြုံတွေ့လိုက်ရပါပြီဗျာ....
အရင်တုန်းက... ဆရာတွေက ပြောဖူးတယ်လေ.. block 50 , Level 6 ကနေ ကောင်မလေး တစ်ယောက် ခုန်ချပြီး သေဖူးတယ်တဲ့...။စာဖတ်သူတို့ စဉ်းစားကြည့်ပါ..
မီးလင်းတာလည်း မိန်းကလေး အိမ်သာ၊ ကြားရတာလည်း မိန်းကလေးအသံ၊ သေသွားသူကလည်း မိန်းကလေး... အိ... အဲဒါတွေ ပြန်ပြီး ဆက်စပ်တွေးကြည့်လိုက်တော့.....

အောင်မလေးနော်... စလုံး သရဲမလေးက.. တကယ်ခြောက်တယ်ဗျ....

Labels:



2:30 AM
♥the unknown sercets♥




Tuesday, January 27, 2009

{ အလှူပွဲကြီး နီးလာပြီ.... ဖိတ်ခေါ်ပါတယ်ဗျာ... }

Labels:



11:59 PM
♥the unknown sercets♥




Monday, January 19, 2009

{ အရသာရှိလိုက်တာဗျာ..... ဟီး }




ခေါင်းစဉ်ကတော့.... အရသာရှိလိုက်တာဗျာ ပေါ့နော်..... ဘာလို့အဲဒီနာမည် ပေးရလဲ ဆိုတော့... gtalk မှာ ကျွန်တော်တို့ NPMM UNITED အသင်းသားတွေ အားလုံးနီးပါးတင်မက... ညီငယ်၊ ညီမငယ်တွေကပါ custom message တင်ထားလို့ပါ...။ အရသာရှိရတာလည်း အကြောင်းအရင်း ရှိပါတယ်။ ၁၉၉၉ ခုနှစ်က စတင်ပြုလုပ်ခဲ့တဲ့ INTERPOLY FOOTBALL CHAMPIONSHIP ဘောလုံးပြိုင်ပွဲကြီးရဲ့ ၁၀ နှစ်မြောက် 10th Anniversary မှာ မဟာပြိုင်ဘက် SP ကို အနိုင်ရပြီး ဗိုလ်စွဲတာဟာ တကယ့်ကို ချိုမြိန်လွန်းလှပါတယ်ဗျာ...။..။

ထိုဗိုလ်လုပွဲ အကျဉ်းချုပ်ကို ရေးပြပါမယ်။
Interpoly နောက်ဆုံးဗိုလ်လုပွဲအဖြစ် NPMM UNITED အသင်းနှင့်SPMFC အသင်းတို့ဟာ ၁၈ ရက် ဇန်န၀ါရီလ ၂၀၀၉ ခုနှစ်( တနင်္ဂနွေနေ့) မှာ Telok Kurau Secondary School ကျောင်းကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ပွဲကို ၅ နာရီမှာ စတင်ဖို့ ကြံရွယ်ခဲ့ပေမယ့် ဒိုင်လူကြီးများ နောက်ကျတဲ့အတွက် နာရီဝက်ခန့် ပွဲကို နောက်ကျ ခဲ့ရပါတယ်။ နောက်ဆုံးဗိုလ်လုပွဲ ဖြစ်သည့်အညီ နှစ်ဖက်အသင်းမှ ကျောင်းသူ ကျောင်းသား ပရိသတ်များနှင့် ကွင်းလျှံခဲ့ပါတယ်။ ထို့ပြင် ဘေးပတ်ဝန်းကျင် အိမ်များမှ ထွက်ကြည့်ရသည်အထိ ပွဲဟာ ရင်ခုန်စရာ အတိဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့ NPMM အသင်းရဲ့ လူထုတ်ပုံကတော့ - ဂိုး- ဇေယျာဖြိုး နောက်တန်း - စပီး(c)၊ ခိုင်မြဲ၊ စထွန်းအောင်ခိုင်၊ ကျော်စွာ အလယ်တန်း - ကျော်ထူး၊ ကိုသားငယ်၊ ဘုန်းကြီး၊ သာပြည့်၊ ပြည့်ဖြိုး ရှေ့တန်း - ဝေယံ -တို့ ဖြစ်ကြပါတယ်။ လူစားလဲသူများအဖြစ် - ကိုဘော်ကြီး (ကိုသားငယ်)၊ ဂျိုးဇက်(စပီး)၊ ဘဲကြီး@ထက်စံဝေ(ကျော်ထူး)၊ နေလင်းသူ(ဘဲကြီး) တို့ဖြစ်ကြပါတယ်။

ပွဲစသည်နှင့် နှစ်ဖက်အသင်းဟာ အနိုင်ရရှိရေးအတွက် သူတင်ကိုယ်တင် ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ SPMFC အသင်းမှ အမြင့်ဘောနဲ့ အဝေးပေးစနစ်ကို အသုံးပြုကာ ကစားခဲ့ပါတယ်။ NPMM ကတော့ ကွင်းလယ်ကစားကွက်ကို ဖော်ကာ ကစားခဲ့ပါတယ်။ ပထမပိုင်း ၁၀ မိနစ်အကျော်ခန့်မှာ - SPMFC အတွက် ဗွေဆော်ဦးဂိုးကို SP တောင်ပံသမားမှ နောက်တန်းလူ ၂ ဦးကြားမှ အမြင့်ခုန်ကာ လှလှပပ ခေါင်းတိုက်သွင်းယူ သွားပါတယ်။
ထို့နောက် ဆက်လက်ပြီး NPMM အသင်းမှ ချေပဂိုးရရန် အားကုန်တင်ကာ ကစားလာပါတယ်။ ထို့ကြောင့် ၁၀ မိနစ်ခန့်အကြာတွင် ပြည့်ဖြိုး ကန်တင်လိုက်သော ဘောလုံးကို SPMFC နောက်တန်းလူက ဖျက်ထုတ်ရာမှ ဂိုးသမားကို ကျော်ကာ ကိုယ့်ဂိုးကိုယ် သွင်းမိသွားခြင်းဖြစ်ပါတယ်။
ဆက်လက်ဆိုသလိုပင် NPMM အသင်းမှ ဆက်တိုက်ဖိကစားရာမှ ဆက်လက်ပြီး ဒုတိယဂိုးထပ်မံ ရရှိခဲ့ပါတယ်။ ထိုဂိုးကိုတော့ ဘုန်းကြီးကန်သော ပြစ်ဒဏ်ဘောမှ တဆင့် ထွက်လာသော ဘောလုံးကို နောက်ခံ ဘယ်အစွန်လူ ကျော်စွာ(တောင်ကြီး) မှ ခေါင်းတိုက်သွင်းယူသွားခြင်း ဖြစ်ပါတယ်။
ထို့နောက် ဆက်တိုက်ဆိုသလိုပင် NPMM အတွက် တတိယဂိုးကို ရှေ့တန်းလူ ဝေယံမှ သူဧ။် အင်တာပိုလီ ၇-ဂိုးမြောက် အဖြစ် တဖက်နောက်တန်းလူများကို လှလှပပ လှည့်ပတ်ကာ သွင်းယူခဲ့ပါတယ်။ SPMFC အသင်းမှလည်း ချေပဂိုးများ ရရှိရန် အားထည့်ကစားရာ သေချာပေါက် ၂ ဂိုးခန့်ကို NPMM ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ ထို့ကြောင့် ပထမပိုင်းပြီးချိန်မှာ NPMM အသင်းမှ ၃ ဂိုး- ၁ ဂိုးဖြင့် ဦးဆောင်ယှဉ်ပြိုင်ကစားနေပါတယ်။
ဒုတိယပိုင်းယှဉ်ပြိုင်သောအခါ SPMFC အသင်းမှ လူစားလဲ ကစားမှုများ ပြုလုပ်သဖြင့် ပိုမို ထိထိမိမိ ကစားနိုင်ခဲ့ပါတယ်။ ထို့ကြောင့် SPMFC အတွက် ဒုတိယဂိုးကို ထောင့်ကန်ဘောမှ တဆင့် လူစားဝင်လာသော ကစားသမားမှ နောက်ပြန်ကန်ကာ လှလှပပ သွင်းယူခဲ့ခြင်း ဖြစ်ပါတယ်။ သို့အတွက် SP အသင်းမှပင် အားတက်လာကာ ဆက်လက်ပြီး တွန်းအားပေး ကစားလာနိုင်ခဲ့ပါတယ်။ ထိုအချိန်တွင် NPMM တောင်ပံကစားသမား ပြည့်ဖြိုး ၂ ၀ါ- ၁ နီနှင့် ထုတ်ခံရသဖြင့် ၁၀ ယောက်- ၁၁ ယောက်နှင့် ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။
လူ ၁ ယောက်အသာရသွားသော SPMFC အသင်းမှ တရစပ် ထိုးဖောက်တိုက်စစ်ဆင်ကစားလာသောကြောင့် NPMM နောက်တန်းနှင့် ဂိုးသမား အသေအကြေ ဖျက်ထုတ်ခဲ့ရပါတယ်။ သို့သော်လည်း NPMM ဂိုးရှေ့တွင် ရှုပ်ယှက်ခတ်နေသော အနေအထားမှ SP ရှေ့တန်းလူက အနီးကပ် သွင်းယူလိုက်သောကြောင့် တဖက် ၃ ဂိုး စီနှင့် ပွဲရှိန်အမြင့်ဆုံး အခြေအနေသို့ ဆိုက်ရောက်လာပါတယ်။ NPMM UNITED အသင်းဟာ လူ ၁၀ ယောက်ဖြင့် မိနစ် ၃၀ ကျော်ခန့် ခံကစားခဲ့ရပါတယ်။ ဒုတိယပိုင်း ခရာမှုတ်ချိန်တွင် တဖက် ၃ ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်နေပါတယ်။
ထို့နောက် အချိန်အနေအထားဟာ အလွန်နောက်ကျနေသဖြင့် ဆက်လက်ပြီး အချိန်ပို ကန်မည်လော၊ ပင်နယ်တီ တိုက်ရိုက်ကန်မည်လောကို ၂ ဖက်တာဝန်ရှိသူများ ဆွေးနွေးတိုင်ပင် ခဲ့ပါတယ်။ ဒိုင်လူကြီး ဧ။် ဆုံးဖြတ်ချက်အတိုင်း အချိန်ပို ၇ မိနစ်စီ ယှဉ်ပြိုင်ရန် သဘောတူခဲ့ပါတယ်။
သို့သော် အချိန်ပို ပထမပိုင်းပြီးချိန်အထိ တစ်ဖက်နှင့် တစ်ဖက် မည်သူ့မည်သူ မျှ ဂိုးဝင်အောင် ဆက်လက် မသွင်းနိုင်သဖြင့် သရေ ရလဒ် နှင့် ခရီးဆက်နေပါတယ်။ ထိုအချိန်တွင် NPMM ကစားသမား ဘဲကြီး (ထက်စံဝေ) မှ အမောစို့ကာ စိုးရိမ်ဖွယ် အခြေသို့ ကျရောက်ခဲ့ပါတယ်။ အချိန်ပို ပထမပိုင်းပြီးချိန်တွင် အမှောင်ထု လွန်စွာဖုံးလွှမ်းနေသဖြင့် ဒိုင်လူကြီးက ပွဲကို ရပ်နားကာ ပင်နယ်တီ ကန်သွင်းရန် ဆုံးဖြတ်ခဲ့ပါတယ်။
ပင်နယ်တီကန်သွင်းသော အခါ SPMFC အသင်းမှ ဂိုးသမားပြောင်းကာ ဖမ်းခဲ့ပါတယ်။ ၂ ဖက်ပင်နယ်တီ ကန်သွင်းပုံမှာ -
ဝေယံ(NP) (ဂိုး) ဇာနည်ဦး(SP) ( ဂိုး) သာပြည့် (NP) (ဂိုး) ဗညား (SP)(ဘားထိတွက်) ကိုဘော် (NP)(ဂိုး) ကိုလင်းထက် (SP)(ဂိုး) စထွန်းအာင်ခိုင်(NP) (ဂိုး) စည်သူ(SP) (ဂိုး) ခိုင်မြဲ (NP)(ဂိုး)

ဖြစ်ကြပါတယ်။...။
နောက်ဆုံးမှာတော့ NPMM UNITED အသင်းဟာ အသင်းခေါင်းဆောင် စပီး ပြောသလို ၃ နှစ် ၃ မိုးစောင့် ခဲ့ရတဲ့ Interpoly ချန်ပီယံ ဒိုင်းဆုကြီးကို လက်ဝယ်ပိုက်ကာ ရရှိခဲ့ပြီဖြစ်ပါတယ်။
ဆုပေးပွဲအဖြစ် ဆရာမ ဒေါ်ဆွေဆွေမင်းမှ NPMM အသင်းသားများအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ချန်ပီယံ ဒိုင်းဆုကြီးကို ပေးအပ်ခဲ့ပါတယ်။

အခုလို ချန်ပီယံဆုဖလားကြီး လက်ဝယ်ရရှိခဲ့တဲ့ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ကိုယ်တိုင်လာရောက် အားပေးခဲ့တဲ့ ဆရာ ဒေါက်တာမြတ်မော်ထွန်း၊ ဆရာမဒေါ်ဆွေဆွေမင်း၊ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ပေးခဲ့တဲ့ ဆရာဦးဝေအောင် အစရှိသော ဆရာ၊ဆရာမများ၊ SP, TP, NYP, NTU တို့မှ organizers များနှင့် ကစားသမားများ၊ ပွဲစဉ်များကို အကောင်းဆုံး ထိန်းကြောင်းပေးခဲ့တဲ့ ဒိုင်လူကြီးများ၊ ဆက်လက်ပြီး ဖိုင်နယ်ပွဲအတွက် ငွေအင်အားစိုက်ထုတ်ပေးခဲ့တဲ့ ကိုဟန်ထွန်း၊ ကိုနေလင်းထွန်း ဦးဆောင်တဲ့ graduate ချစ်ကိုကြီးများ၊ အသင်းကို အကောင်းဆုံးဦးဆောင်မှုပေးခဲ့တဲ့ အသင်းခေါင်းဆောင် စပီး၊ ကိုသားငယ်၊ ကိုဘော်ကြီး၊ အားလုံးအားလုံးသော ကစားသမားများ၊ ပွဲစဉ်တိုင်းကို အလုပ်အကိုင်ပျက်ကာ အားတက်သရော လာရောက် အားပေးတဲ့ ကိုအရိုင်း၊ ကိုငတင့် ဦးဆောင် ပရိသတ် တပ်ပေါင်းစု ကြီး (engineering ရော၊ HS ရော ဘက်မှ ပရိသတ်အားလုံး အားလုံး) ၊ ပိုစတာတွေ အလံတွေ အားတက်သရော လုပ်ပေးတဲ့ အောင်ရဲ(ရည်မွန်ဦး)၊ ၀င်းလေး၊ သံချပ်ရေးပေးတဲ့ အားမာန်၊ ပစ္စည်းတွေ သယ်ယူပေးတဲ့ အာကာ၊ချမ်းငြိမ်းစိုး နှင့် အဖွဲ့ ... အားလုံးအားလုံး သောသက်ဆိုင်သူများကို ကျေးဇူးအများကြီး တင်ပါကြောင်း အသင်းဖော်များ ကိုယ်စား ပြောကြားအပ်ပါတယ်..။
(အဲ ကျန်သေးတယ်ဗျ... personal ပေါ့နော်.... အမြဲဘေးနားမှာ အားပေးတဲ့ မှင်စာလေး(စိတ်ပုတ်လေး) ကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ...)
2008-09 Interpoly Champion အသင်းသားများကို ဂုဏ်ပြုပါတယ်။
  1. ကျော်သူထက်(စပီး)
  2. ဖြိုးဘော်ဆွေ(ကိုဘော်ကြီး )
  3. မင်းမင်းမြတ်(ကိုသားငယ်)
  4. သက်ဝေလင်း(ဘုန်းကြီး)
  5. ဇေယျာဖြိုး(ဂတုံး)
  6. စထွန်းအောင်ခိုင်(လင်းဂွင်း)
  7. ခိုင်မြဲစိုးနိုင်(မြဲလေး)
  8. ပြည့်ဖြိုးမော်(ဖက်တီး)
  9. ကျော်ဝေယံထက်(ဝေယံ)
  10. ထက်စံဝေ(ဘဲကြီး)
  11. ထက်မြတ်အောင်ဆင့်(ထက်မြတ်)
  12. ကျော်ထူး
  13. ကျော်စွာသိန်း(တောင်ကြီး)
  14. သက်ထူးဟန်
  15. ဥာဏ်မျိုးထွန်း(ဥာဏ်လေး)
  16. နေလင်းသူ
  17. ဂျိုးဇက်တင်ကို(ဂျိုးဇက်)
  18. သာပြည့်စုံ(သာပြည့်)
  19. ဇေယျာမင်း
  20. ချစ်ဆွေသန့်(ဖိုးစိန်)
  21. စိုးပြည့်

အားလုံးကို ဂုဏ်ပြုလျှက်......
NPMM UNITED..!!!!!
WE ARE THE CHAMPIONS..!!!!

တိုက်ပွဲနေ့ အမှတ်တရများ

စိန်စပီးကြီးနဲ့ (အာကိုပြဲနေတာပဲ)


controlling the team..!!!


တိုက်ပွဲမတိုင်ခင်


ဂတုံးကွ... ဟားဟား..


အဲဒီ အလံကြောင့် နိုင်တာတဲ့ (သူတို့က တစ်မျိုး)




ဟိုသွားဒီသွားပေါ့... (လူရှိန်တာပေါ့)




ပွဲမတိုင်ခင် ဟိုဟာလုပ် ဒီဟာလုပ်




မလုပ်ရသေးဘူး... နားတာက အရင်




ကိုယ့်အကြောင်းကိုယ်သိ.. ဒူးမကောင်းတဲ့ ကောင်တွေ (ဟင်း..ဟင်း..)




ဒါမှ.. အန်ပီမြန်မာတဲ့ဟေ့....





ဒိုင်းကြီးနဲ့ တူပျော်ပျော်

ဂုဏ်ပြုပွဲတုန်းကပေါ့....




ဒါလေးရဖို့အရေးကို... အသက်ထွက် မတတ် ကန်ခဲ့ရတယ်...


Labels:



10:00 AM
♥the unknown sercets♥




Tuesday, January 13, 2009

{ INTERPOLY FINAL MATCH }



Labels:



11:02 PM
♥the unknown sercets♥




Sunday, January 11, 2009

{ To my NPMM United Team-mates..!!! }


Interpoly Football Championship 2008-09 နောက်ဆုံးဗိုလ်လုပွဲယှဉ်ပြိုင်ကစားမယ့်.. NPMM United အသင်းက အသင်းဖော်တွေအတွက်.. ရည်စူးပြီး.. ဒီသီချင်းလေး တင်ပေးလိုက်ပါတယ်.....။
Queen ဆိုတာရော.. Green Day ဆိုတာပါ.. တင်ပေးထားပါတယ်....
အားလုံးလည်း... ၁ ပတ်ပဲလိုတော့တဲ့ ဖိုင်နယ်အတွက်... အားတွေ မွေးထားကြပါ.....

NPMM UNITED..!!! We're the Champion...!!!






ဆက်လက်ပြီး တဆက်တည်းအနေနှင့်.. ကျွန်တော်တို့ အသင်းနောက်ဆုံးဗိုလ်လုပွဲအတွက်... အသွားအပြန် transportation စီမံပေးတဲ့ 2008 Graduate ချစ်အကိုကြီးများကို များစွာ ကျေးဇူးတင်ပါတယ်။
ကျန်းမာပါစေ..၊ ချမ်းသာပါစေ... စိတ်သွားတိုင်း၊ ကိုယ်ပါလို့... လိုအင်ဆန္ဒများ တလုံးတ၀တည်း ပြည့်စုံကြပါစေ။....
မိန်းမ (လိုချင်သလောက်) များများ ရစေသောဝ်..... အလှူငွေထည့်ဝင်မှု စာရင်းကတော့...

  1. ကိုနေလင်းထွန်း(ex-president) - s$29(s$30 တောင်းတာ မပေးဘူး)
  2. ကိုမာဃ - s$20
  3. ကိုမော်အောင် - s$20
  4. ကိုသီဟဇော် - s$20
  5. ကိုဘော်+မဘော် - s$20
  6. ကိုဟန်ထွန်း - s$10
  7. ကိုအောင်ညီ - s$10(အမြဲတမ်း ဘဏ်ထဲမှာ s$3 ပဲရှိတဲ့သူကြီးပါ.. အခုလည်း တော်တော် တောင်းယူရပါတယ်... ဟီး..ဟီး..)

ကျေးဇူးရှင်ကြီးတွေပါ....... ကျေးဇူးအများကြီး တင်ပါတယ်...

Labels:



11:49 PM
♥the unknown sercets♥




Saturday, January 3, 2009

{ ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့ }



၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ဟာ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့က ရရှိခဲ့သော မြန်မာ့လွတ်လပ်ရေးနေ့ဧ။် ၆၁ နှစ်မြောက်ပင် ဖြစ်ပါတယ်။

ပြည်ပမှာ အနေကြာကာ မိမိနိုင်ငံဧ။် လွတ်လပ်ရေးနေ့ကိုပင် သတိမရကြသော၊ မေ့လျောနေကြသော ဘ၀မေ့နေကြသူများ အတွက် သတိပေးလိုက်ရခြင်းပင် ဖြစ်ပါတယ်။

ထို ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့မှသည် မိမိတစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံးပေါင်းစုကာဖြစ်စေ တတ်စွမ်းသမျှ အမိမြန်မာနိုင်ငံ တိုးတက်ရာ၊ တိုးတက်ကြောင်း၊ မြန်မာနိုင်ငံသားများ အဆင့်အတန်းမြင့်မားစေကြောင်း အတွက် ကြိုးပမ်းအားထုတ်ကြပါစို့ ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသတည်း။.......။

Labels:



5:21 PM
♥the unknown sercets♥




Thursday, January 1, 2009

{ New Year ရဲ့ ခေါင်းလောင်းထိုးအချက်ပေးသံ }



သြော်.... အနိစ္စ... မမြဲခြင်းတရား.... တစ်နှစ်ဟောင်းလို့ .... တစ်နှစ်ပြောင်းပြန်ပြီ။


အသက်တွေလည်း တစ်စက္ကန့်ချင်းစီကနေ... တစ်မိနစ်၊ တစ်နာရီ၊ တစ်နေ့တာ မှသည် တစ်နှစ်ကြီးသွားပြန်ပြီ။
အဲဒီ ကုန်ဆုံးကြီးပြင်းသွားတဲ့ အချိန်ကာလအတွင်းမှာ ငါဟာ ကောင်းတာတွေ ဘယ်နှခု လုပ်ခဲ့သလဲ၊ မကောင်းတာတွေ ဘယ်နှခု လုပ်ခဲ့သလဲ။ ငါကိုယ်တိုင်၊ ငါ့ပတ်ဝန်းကျင်၊ ငါ့အသိုင်းအ၀ိုင်း မှသည် ငါ့တိုင်းပြည် အတွက်၊ ဒီကမ္ဘာလောကကြီးအတွက် ဘာတွေများ အကျိုးပြုခဲ့သလဲ.... စသည်ဖြင့် ပြန်လည် တွေးတောဆင်ခြင်သင့်ပါတယ်။..။

ကျုပ်ကတော့ တခြားသူတွေလို နှစ်သစ်မှာ ကျန်းမာပါစေ၊ ချမ်းသာပါစေ ဆိုပြီးတော့ ထပ်ပြီး ဆုတောင်း မပေးချင်တော့ဘူး။ ဘာလို့လဲဆိုတော့ စာဖတ်သူတွေလည်း ဆုတောင်းခံရလွန်းလို့ များနေပြီ။ ပြီးတော့ အဲဒီအရာတွေက တကယ်ဆုတောင်းရုံနဲ့ ပြည့်စုံသွားမှာမို့လား ။ ကံ၊ဥာဏ်၊၀ီရိယ ဆိုတဲ့ အရာကြီး ၃ ခု စလုံး တိုက်ဆိုင်စွာနဲ့ အကျိုးပေးမှ ပြည့်စုံဖြစ်ထွန်းသွားတာပါ။ တကယ်တော့ ဆုတောင်းပေးတယ်ဆိုတာ- တဖက်လူ စိတ်ကျေနပ်အောင် အနုနည်း နဲ့ ညာလိုက်တာပါပဲ။
ကဲပါလေ... ထားလိုက်ပါ။ ဆုတောင်းပေးဆိုတော့လည်း ဆုတောင်းပေးလိုက်ပေါ့။ ကိုယ့်အိပ်ထဲက စိုက်ထုတ်ရတာမှ မဟုတ်တာ။ ဒါပေမယ့် လက်တွေ့အမှန်တရားကို ပြောပြကြည့်တာပါ။

Happy New Year တစ်ခါ အော်လိုက်လို့ ဒီခန္တာကိုယ်ကြီး ၊ ဒီရုပ်ရည်ကြီး ကလည်း ဒီအတိုင်း နေ နေမှာ မဟုတ်ပါဘူး။ တစ်နှစ်ကုန်သွားလို့ တစ်ခါအော်လိုက်တိုင်း တစ်နှစ်စာ အိုးမင်းသွားမှာပါ။ တစ်နှစ်စာ သေဖို့နီးကပ်လာမှာပါ။ မိုးကုတ်ဝိပသနာရိပ်သာတွေမှာ မြင်တွေ့နိုင်တဲ့ စာသားလေး တစ်ခုရှိပါတယ်။

ငါသည် မုချသေရမည်။ အချိန်ပိုင်းသာ လိုတော့သည်။ အသေမဦးခင် ဥာဏ်ဦးအောင် အားထုတ်ပါတော့မည်။

အဲဒီစာသားလေးအတိုင်းပါပဲ။ လူဆိုတာ သေမျိုးချည်းပါပဲ။ အဲဒီတော့ မသေခင်၊ အသေမဦးခင်မှာ လုပ်သင့်လုပ်ထိုက်တာတွေ၊ လူ့တာဝန်ဝတ္တရားတွေ ကိုကျေပွန်အောင်ကြိုးစားသွားရမှာပါ။ ဒါမှလည်း တိရစ္ဆာန်ထက် အသိဥာဏ်ရှိတဲ့ လူဆိုပြီး ကင်ပွန်းတပ်နိုင်မှာဖြစ်ပါတယ်။
မိမိကိုယ်ကိုလည်း အကျိုးမပြု၊ မိမိပတ်ဝန်းကျင် ကိုလည်း အကျိုးမပြု၊ မိမိနေထိုင်တဲ့ အသိုင်းအ၀ိုင်းကိုလည်း အကျိုးမပြု၊ မိမိတိုင်းပြည်အတွက်လည်း အကျိုးမပြု ယုတ်စွအဆုံး မိမိရပ်တည်နေတဲ့ မြေကြီးအတွက်ပါ လုံးဝအကျိုးမပြုဘဲ ဘေးထိုင်ဘုပြော ဘ၀ နဲ့ သေဆုံးသွားရင်တော့ စားခဲ့တဲ့ ဆန်ဖိုး တွေ၊ ရပ်တည်ခဲ့တဲ့ မြေကြီးအတွက် တော်တော်ရှက်ဖို့၊ အားနာဖို့ ကောင်းပါတယ်။ ဆန်ကုန်မြေလေး ဘ၀နဲ့ မနေသွားကြပါနဲ့။

တစ်နှစ်တာကြီးပြင်းလာတဲ့အတွက် တစ်နှစ်စာ ပိုပြီး ကြိုးစားကြပါ။ လောကီဘက်မှာရော၊ လောကုတ္တရာ ဘက်မှာပါ မျှတအောင် အချိန်ပေးကြပါ။ လောဘ၊ ဒေါသ၊ မောဟ တွေနဲ့ ဖုံးလွှမ်းနေပြီး သေရင် ကိုယ့်နောက်မပါမယ့် အရာများအတွက် အချိန်ကုန်မခံဘဲ ရခဲလှတဲ့ လူ့ဘ၀မှာ သံသရာလွတ်ကြောင်းတရားအတွက်လည်း ကြိုးပမ်းအားထုတ်ကြပါလော့...။
တကယ်တော့ Happy New Year လို့တစ်နှစ်တစ်ခါ အော်လိုက်တာဟာ ငါသေဖို့ တစ်နှစ်နီးလာပြီဟေ့ လို့ ခေါင်းလောင်းထိုးအချက်ပေးသံ ပင်ဖြစ်ပါတယ်လို့ သတိဝင် ဆင်ခြင်နိုင်ကြပါစေသတည်း။...........။

Labels:



5:30 PM
♥the unknown sercets♥




ကင်ပွန်းတပ်

ကျွန်ုပ်တို့၏ လွတ်လပ်ရာ နယ်မြေသစ်


စကားချီး

*မှင်စာကြီးနှင့် မှင်စာလေး*
NgeeAnn Poly တွင် ပညာရည်သောက်သုံးနေသူများ..
ခံစားမှုများ၊ တွေးထင်မှုများ၊ ဘ၀များ ကို စာသားများအဖြစ် အသွင်ပြောင်းလိုက်ခြင်းပင်..။



အဟောင်းလေးတွေ

December 2008
January 2009
February 2009
March 2009
April 2009


နားနားပြီးပြော



မိတ်ဆွေအပေါင်းအသင်း ဘလော့ခ်များ

သံလွင် Hero
ကိုအရိုင်း
ဝင်းခန့်မောင် (NYP)
အောင်ဖြိုး
ဂျိုးဇက်
ကိုအောင်ကိုမင်း


NP နဲ့ ပတ်သတ်သမျှ

အချစ်ဆုံးကြီး (MEL, NP)
NPal
Student mail
NPMM ဖိုရမ်


ဘောလုံးအကြောင်း

Eleven ဂျာနယ်
Live Scores
မန်ယူ(King of the world..!!)
ဘောသတင်းလေးတွေ
ဘောပွဲတွေ ပြန်ကြည့်မယ်


MUSIC(Myanmar Songs)

Myanmar MP3
FlashBand


Credits

YAll right reserved to
Brushes: I
Fonts: II
Host: III IV
Designer:VI™