Friday, February 27, 2009

{ သိပ်အားယားနေတယ်... }

ဟုတ်ကဲ့ ခင်ဗျာ.. စာမေးပွဲကြီး ပြီးစီးတဲ့ သကာလမှာ.. ကျွန်တော်မျိုး ဟာ လွန်စွာမှ အားယားနေပါတယ်... ။ ဒါကြောင့် ဒီခေါင်းစဉ်လေး ပေးလိုက်တာပါ.. :D

ပြည်တော်ပြန်ခရီး က မတ်လ ၆ ရက်နေ့ ဆိုတော့ အဲဒီရက်မတိုင်ခင် လုပ်ရမယ့် အရာတွေကတော့.. အောက်ပါအတိုင်းပါပဲ......
  1. သံရုံးသွားရမယ် (မိုးလင်းရင် )(အရေးကြီးတယ်)
  2. ဆရာမြတ် အိမ်မှာ ဆွေးနွေးပွဲလုပ်ရမယ်
  3. မွေးသမိခင်နဲ့ ဖခင်မှာတဲ့ ပစ္စည်းတွေ သွားဝယ်ပေးရမယ်
  4. NPMM Cultural Show 2008 DVD Production ကိစ္စ အချောသတ်ရမယ်
  5. စနေနေ့ ကျရင် meeting..!! (အများကြီး ဆွေးနွေးရမယ်)
  6. ISC နဲ့ Project Proposal ကိစ္စ ဆွေးနွေးရမယ်(အရေးကြီးတယ်)
  7. Chinese New Year တုန်းက စခဲ့တဲ့ ဇာတ်လမ်း အပြီးသတ်ရမယ်.. (ဟဲ.. လျှို့ဝှက်ချက်)

... ကျန်တာတွေက..

အခုထိတော့ ဒီလောက်ပဲ စဉ်းစားလို့ ရသေးတယ်.... ဆက်ရန် ရှိသေးတယ်

အဲ.. ကျန်သေးတယ်...ပိုးစိုးပက်စက် အရေးကြီးတာ
စနေနေ့ည... မလုပ်ဖြစ်တာ ကြာပြီဖြစ်တဲ့ Weekly Drinking Class ရှိတယ်တဲ့...
အဲဒါတော့ လုံးဝ လွတ်လို့ မဖြစ်ဘူး........
Drinking makes me Active & Strong..!! ;P

ဒါကြောင့် ပြောတာ. မောင်ဂတုံး တစ်ယောက် သိပ်ကို အားယားနေပါတယ်လို့.... အိပ်ချိန်တောင် ကျန်ပါ့မလားနော်... သနားစရာ ငါ့ဘ၀..!!!! အဟင့်...

Labels:



1:14 AM
♥the unknown sercets♥




Thursday, February 26, 2009

{ ဖြစ်လိုက်ရင် ... တစ်လွဲကြီးပဲ }

သြော်.... ဘာလိုလိုနဲ့ စင်ကာပူ မှာ ပိုလီကျောင်းသားဘ၀ ကိုဖြတ်သန်းခဲ့တာ ၂ နှစ်တိုင်ခဲ့ပြီလေ..။ ကြုံတွေ့ခဲ့ရတဲ့ အပျော်တွေ၊ ၀မ်းနည်းမှုတွေ လည်း မနည်းမနောပါပဲ...။ တော်တော်လည်း ထူသားပေသား ကျနေပါပြီ..။

အခုရက်ပိုင်းလည်း Semester 2.2 ရဲ့ နောက်ဆုံးစာမေးပွဲကြီးဖြေနေရလို့ ဘလော့လေးလည်း ဖုန်တက်ခဲ့ပါတယ်။
အခုပြန်ရေးပြီဗျို့... ပြည်တော်ပြန်ခရီးမတိုင်ခင် အထိပေါ့ဗျာ..။ စာတွေကို အတိုးချပြီး ရေးမှာပါ...။

အခုရက်ပိုင်းဗျာ... အခုရက်ပိုင်းဆိုတာ မနေ့က ညကတင်ပါ... မထင်မှတ်ဘဲ သည်းထိတ်ရင်ဖို ဖြစ်ခဲ့ရပါတယ်။
ဒီလိုပါ.. ယမန်နေ့ညက.. စာမေးပွဲ နောက်ဆုံး ဘာသာအတွက် အသေအကြေ တိုက်ပွဲဝင်နေရတာပေါ့..။ မ၀င်လို့လဲ မရဘူးလေ...။ semester တစ်ခုလုံးစာကို တစ်ရက်နဲ့ ဆွဲရတာကိုး... ဟီးဟီး...

အဲလိုနဲ့ပဲ တစ်နေ့လုံး လုပ်လိုက်တာ မိုးချုပ်လို့ အမှောင်ထု ဖုံးသွားတာပေါ့..။ အတူ တိုက်ပွဲဝင်တဲ့ ရဲဘော်တချို့လည်း အိမ်အပြန်လမ်း ကိုလျှောက်လှမ်းသွားကြပြီ။ ကိုယ့်အကြောင်းကိုယ်သိတဲ့ ကျွန်တော်ရယ်၊ တစ်အိမ်တည်းနေပြီး တစ်အိုးတည်း စားဖော်တွေ ဖြစ်တဲ့ ဘဲကြီး ရယ်၊ ညီမလေး
(အဲ.. ညီမင်းလွင်) ရယ်ပဲ ကျန်ခဲ့တာပေါ့။ ည ၁၀ နာရီခွဲတော့ ကျွန်တော်တို့ စာလုပ်တဲ့ Atrium ဆိုတဲ့နေရာကြီးက မြန်မာပြည်ကို ဂုဏ်ပြုတဲ့ အနေနဲ့ မီးပိတ်လိုက်ပါလေရောဗျာ။...


အဲ.. ပြသနာက အဲဒီမှာ စတာ။ ညစာကို အုန်းထမင်းနဲ့ စားထားတာကြောင့် ခေါင်းကလည်း တော်တော်လေး နေပြီ။ အိမ်ကို ပြန်ချင်နေပြီ။ (ရှင့်မှာလည်း အကြွေးတွေနဲ့ ကျွန်မမှာလည်း ကလေးတွေနဲ့) ဆိုသလို တစ်ဖက်မှာလည်း စာကြွေးတွေနဲ့။ ပြန်ရင် အိပ်ပျော်သွားမှာ သေချာတယ်။ ပြန်လို့ မဖြစ်ဘူးလေ။ ဒါနဲ့ပဲ သုံးယောက်သား ကျွန်တော်တို့ မြန်မာကျောင်းသားတွေနဲ့ မကင်းရာ မကင်းကြောင်း အမျိုးတော်တယ်လို့ ပြောလို့ ရတဲ့ Buddhist Society 's Club House ကို ပြေးရတာပေါ့။ တကယ်တော့ ကျွန်တော်တို့ သုံးယောက်တည်းမှာ Buddhist Society က လက်ရှိကော်မတီဝင်တွေ မဟုတ်ပါဘူး။ ကျွန်တော်တစ်ယောက်ပဲ Ex-committee ပါ.။
Mr. Nga Tint က သော့ပေးခဲ့လို့ အဲဒီ နေရာကို သွားကြတာပါ။

ဟိုရောက်တော့ အချိန်က ည ၁၁ နား နီးနေပါပြီ။ ဒီလိုပဲ ဆက်လုပ်ကြတာပေါ့။ မဆိုးပါဘူး။ တော်တော်လေး တိုးတက်လာပါတယ်။ အဲလိုနဲ့ တဖြည်းဖြည်း ၁၁ နာရီ ခွဲ ပြီးလို့ ၁၂ နားနီးလာပြီပေါ့။ မပြန်လို့ မဖြစ်တော့ဘူးလေ။ Last Bus ဖြစ်နေပြီ။..။ ကဲ ပြန်ကြမယ်ဟေ့ ဆိုပြီး ပစ္စည်းတွေ သိမ်းတာပေါ့။ အဲဒီမှာပဲ ရာဇာဝင်းတင့် တုတ်နဲ့ ထိုးမိတော့ တာပဲ(အဲ ရာဇ၀တ်အိုး တုတ်နဲ့ထိုးတာ.. မှားလို့)။ အ၀င်တုန်းက လျာရှည်ပြီး တံခါးကို Lock ချထားလိုက်တာ။ ဘယ်လိုမှ ပြန်ဖွင့်လို့ မရတော့ဘူး။ Lock က သော့ချောင်းနဲ့ပဲ ခတ်ရတာပါ။ ၁၀ မိနစ်လောက် ကြိုးစားတာနဲ့ မရတော့တဲ့ အဆုံး ငတင့် ဆီကို ဖုန်းဆက်ရတော့တာပေါ့။ ဒီတော့မှ အဖြစ်မှန်ကိုသိရတယ်။ အဲဒီ သော့က တစ်ဝက်ပျက်နေတာ။ သော့ခတ်ရင် အပြင်ကပဲ ပြန်ဖွင့်လို့ ရတယ်။ အထဲက ဘယ်လိုမှ ပြန်ဖွင့် လို့ မရဘူး။...။ သွားပြီ ရေကြီးပြီပေါ့။..။

ဘယ်လိုလုပ်မလဲ ကြံကြပါဦး..။ နောက်ဆုံး ကျွန်တော်မျိုးပဲ NP Security Gate ကို ဖုန်းဆက်ရတော့တာပေါ့။ အဖြစ်မှန်ကို ရှင်းပြပြီး တောင်းပန်ရတာပေါ့။..။ ကိုယ်တွေက မှားတော့လည်း ဟဲဟဲပေါ့။..။ ခဏနေတော့ Security ၀န်ထမ်း ၂ ယောက်ရောက်လာပါတယ်။ ဒါပေမယ့်ဗျာ သူတို့ဆီမှာ သော့မပါလာဘူးတဲ့..။ တိန်.... သေချင်စော်ကို နံသွားတာပဲ.။။ ကဲ ဒီအခန်းထဲမှာပဲ ညအိပ်ကြမလားပေါ့။။ စိတ်ထဲမှာ စဉ်းစားနေပြီ။ အဲဒီမှာပဲ အကြံတစ်ခုရလာတယ်..။ သော့တွဲကနေ အဲဒီအခန်းသော့ တစ်ချောင်းတည်းကို ဖြုတ်ယူလိုက်တယ်။ ပြီးတော့ ကျန်တဲ့ ဘော်ဒါ ၂ ယောက်က တံခါးကို အတင်းတွန်းပေးထားပြီး အပ်ချည်မျှင်လောက် လွတ်နေတဲ့ နေရာကနေ သော့ချောင်းလေးကို အပြင်ကို ချပေးရတာပေါ့။ တကယ်လို့များ အပြင်ကို မရောက်ဘဲ သော့ချောင်းလေး တစ်နေလို့ ကတော့ မောင်ဂတုံးတို့ ဒီတစ်ညတော့ club house မှာ အိပ်ဖို့ ရောက်လာပြီ..။ ဖြစ်သွားမှာသေချာတယ်။

ကံကောင်းထောက်မစွာနဲ့ပဲ သော့ချောင်းလေးဟာ အပြင်ဖက်ကို အောင်မြင်စွာ ရောက်သွားပြီး အပြင်မှာ ရှိတဲ့ Security ၀န်ထမ်းတွေက ဖွင့်ပေးနိုင်ခဲ့ပါတယ်။...။ ဟဲ.ဟဲ ... အခုမှပဲ ရယ်နိုင်တော့တယ်...။

စာဖတ်သူတွေကို message လေးပေးချင်တာကတော့... ကိုယ်ရှင်သန်နေတဲ့ ကျောင်း၊ အလုပ်၊ ရုံး နဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ Security ဌာန တစ်ခုခုရဲ့ ဖုန်းနံပါတ်ကို အလွတ်ရအောင် မှတ်ထားပါ။ ဖုန်းထဲမှာလည်း မှတ်ထားပါ။ မနေ့ကညက ကျွန်တော်တို့ တွေသာ Security ဖုန်းနံပါတ်ကို မသိခဲ့ရင်........

ကဲ.. NP က ညီအစ်ကို မောင်နှမတွေအတွက် Security ဖုန်းနံပါတ်ကတော့ 6460 6111 ပဲ ဖြစ်ပါတယ်...

Labels:



8:50 PM
♥the unknown sercets♥




Saturday, February 21, 2009

{ Promotion to all Students..!!! }

Labels:



1:08 AM
♥the unknown sercets♥




Tuesday, February 10, 2009

{ သတိရကြသေးရဲ့လား.... }


ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ


` ဦးရေ… ဗယ်လင်တိုင်း နေ့မှာ ဘာလုပ်မလဲဗျ ´ ကျွန်တော့်တူ ရှစ်တန်းကျောင်းသားလေး က ကျွန်တော်ကို မေးလိုက်ခြင်းပါ။ ဒါနဲ့ ကျွန်တော်ကလည်း သူ့ကို ရုတ်တရက် ပြန်ပြီး ` နေပါဦးဟ အဲဒီနေ့က ဘယ်နေ့တုန်း ´ လို့ မသိချင်ဟန်ဆောင်ပြီး ပြန်မေးလိုက်ပါတယ်..။ ` အာဗျာ.. ဦးကလည်း သိရက်နဲ့ သားကို ပြန်မေးနေတယ်.. ဖေဖော်ဝါရီ (၁၄ ) ရက်နေ့လေဗျာ ´ လို့ မကြည်သလို ကြည့်ပြီး ပြန်ပြောပါတယ်။ ကျွန်တော်ကလည်း ပြန်ပြီး `ဒါနဲ့ ဖေဖော်ဝါရီ (၁၃) ရက်နေ့ကရောကွ ဘာနေ့လဲ သိလား ´ ဆိုတော့ သူက တစ်ချက်စဉ်းစားးတယ်ဗျ.. နောက် လက်ချိုးကြည့်ပြီး `ဖေဖော်ဝါရီ (၁၃) ရက်က သောကြာနေ့လေဗျာ.. ဘာလို့လဲ ပုံမှန်ရက်တစ်ရက်ပဲ မဟုတ်လား ´ တဲ့……။ ကျွန်တော်လည်း စိတ်ပေါက်ပေါက်ရှိလာပြီး ခေါင်းကို တစ်ချက် ထုလိုက်ပါတယ်…။
` တယ် ငါထုလိုက်ရ.. ဘယ်က သောကြာနေ့လဲ ဘယ်က ပုံမှန်ရက်တစ်ရက်လဲ .. ငါတို့ နိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကွ ´ ဆိုမှ
` အော်.. မှတ်မိပြီဗျ…. ကျွန်တော်တို့ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကဗျာထဲမှာ ပါတာပဲ….. မေ့တောင်နေပြီ .. ကျွန်တော်က ဖေဖော်ဝါရီ ဆိုရင် ဗယ်လင်တိုင်းနေ့ ရှိတာပဲ သတိရတာဗျ…ဗိုလ်ချုပ်မွေးနေ့ဆိုတာတောင် သတိမထားမိပါဘူး… ´ တဲ့ဗျာ……….။

—————————————————-
ကဲဗျာ… ဘယ့်နှယ်လုပ်ကြရပါ့.. ကလေးတွေတောင် ဗိုလ်ချုပ်မွေးနေ့ကို သတိမရကြတော့ဘူးတဲ့..။ ထားလိုက်ပါတော့ ကလေးတွေက ငယ်သေးလို့ သတိမရတာ။ လူကြီးတွေ ကရော.. သတိရကြပါရဲ့လား။ ဗယ်လင်တိုင်းဒေးကိုတော့ သတိရပြီး ဗိုလ်ချုပ်မွေးနေ့ကို သတိမရကြတဲ့ လူကြီးတွေရော ဘယ်လောက်များနေပါသလဲ။ စဉ်းစားမိရင် စိတ်မကောင်း အတော်ဖြစ်မိတယ်ဗျာ..။
ခုနောက်ပိုင်းတွေမှာ ကလေးတွေဟာ ဗိုလ်ချုပ်ကို သိပ်မသိတော့တာလဲ အပြစ်လို့ ဆိုလို့မရဘူးထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းတွေမှာ နိုင်ငံတော် အလံကို အလေးပြုရင် အရှေ့ကနေ ` ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး များအား …… အလေးပြု ´ လို့ ဆိုခဲ့ကြပေမယ့် ခုနောက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ မပါတော့ပဲ `ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်း များအား … အလေးပြု ´ ဆိုတာပဲ ကြားနေရတာတွေ၊ နောက် ကျောင်းတွေ ရုံးတွေမှာဆိုရင် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံတွေကို နိုင်ငံတော် အလံရဲ့ အောက်မှာချိတ်ထားတာတွေဟာ ခုဆိုရင် မတွေ့ရတော့ပါဘူး..။ ဒါတွေဟာ နောင်တက်လာမယ့် ကလေးတွေကို ဗိုလ်ချုပ်အောင်ဆန်းဆိုတာကို မသိတော့အောင် ဖြစ်စေတယ်လို့ ထင်ပါတယ်။ နောက်တစ်ခုကတော့ မီဒီယာပိုင်းအနေနဲ့ ဆိုရင် ဖေဖော်ဝါရီလအတွက် ထွက်လာတဲ့ မဂ္ဂဇင်းတွေ အတော်များများမှာ ဗယ်လင်တိုင်းဒေးကိုပဲ အလေးထားဖော်ပြကြတာတွေကိုသာ တွေ့ရပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်တဲ့လ အဖြစ် သိပ်မတွေ့ရတာကရော လူကြီးတွေ မေ့လျှော့နေကြခြင်းလား…။ အမေ့ခံနေကြခြင်းလား။ မေ့အောင် လုပ်နေကြခြင်းလား..။

ယခုနှစ် ဖေဖော်ဝါရီ တစ်ဆယ်သုံးရက်နေ့ဆိုရင် ကျွန်တော်တို့ နိုင်ငံတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၉၄) နှစ်ပြည့်မွေးနေ့ဖြစ်တယ်ဆိုရင် မှားမယ်မထင်ပါဘူးဗျာ..။ ကျွန်တော်တို့ အားလုံး.. မြန်မာနိုင်သားအားလုံးရဲ့ ရင်ထဲမှာ ဖေဖော်ဝါရီလဆိုတာ ဗင်လင်တိုင်းဒေးထက် ဗိုလ်ချုပ်မွေးနေ့ ဆိုတာကိုရှိသင့်တယ်လို့ ထင်မိပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ နှလုံးသားတွေထဲမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ ကဗျာလေး တစ်ပုဒ်ကို ကိုယ်စီငြီးရင်းနဲ့ …. ဗိုလ်ချုပ်ရဲ့ မွေးနေ့ဆီသို့..

ဖေဖော်ဝါရီ တစ်ဆယ်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ ပါ တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး ရှေ့နေဦးဖာ သား ဇာတိနတ်မောက် မကွေးခရိုင် သိကြ များခုတိုင် ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား မိခင် ဒေါစုသား …. တစ်ထောင့် ကိုးရာလေးဆယ့်ခွန် ပြောင်းကြွတမလွန် မျက်ရည်သွန်လို့ ဘ၀င်ညှိုး ဇူလိုင် တစ်ဆယ့်ကိုး ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ် ဒို့ဖခင် ကောင်းစေချင်တဲ့ အမှာစကား ငါတို့ မမေ့အား ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား…။...။

ဝန်ခံချက်..။ ။ အာဇာနည်ဘလော့ခ် မှ ကူးယူ ဖော်ပြပါသည်...။

Labels:



1:30 PM
♥the unknown sercets♥




Monday, February 2, 2009

{ နတ်လူ သာဓု ခေါ်စေသောဝ်.... }

NP Myanmar Students မှ ညီအစ်ကိုမောင်နှမများ စုပေါင်း ကျင်းပ ပြုလုပ်ကြသော ဒုတိယအကြိမ်မြောက် ROBE OFFERING CEREMONY အလှူပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့ (တနင်္ဂနွေနေ့) က ToPayoh မြန်မာ ဘုန်းကြီးကျောင်း တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလှူပွဲ အခမ်းအနားသို့ NPMM မှ ဆရာ ဒေါက်တာမြတ်မော်ထွန်း နှင့် မိသားစု၊ ဆရာမ ဒေါ်ဆွေဆွေမင်း၊ Graduate အကိုအမများ၊ SPMSC နှင့် NYPMM။ MySIM မှ တာဝန်ရှိသူများ၊ NPMM CEC ကော်မတီဝင်များ၊ NP Myanmar ကျောင်းသားကျောင်းသူများ စုစုပေါင်း ဧည့်ပရိသတ် ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။

ဖိတ်စာပါ အစီအစဉ်အတိုင်း နံနက် ၁၀ နာရီခန့်တွင် ဧည့်ပရိသတ် ညီအစ်ကို မောင်နှမများ တဖွဲဖွဲ နှင့် ရောက်ရှိလာကြပါသည်။ ထို့နောက် ၁၁ နာရီကျော်ကျော်တွင် ရဟန်းသံဃာများအား နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။

နေ့လည် ၁၂ နာရီမထိုးခင်တွင် ဘုန်းကြီးကျောင်းသို့ မုန့်ဟင်းခါးများ ရောက်ရှိလာသည်နှင့် တပြိုင်နက် ကူညီဆောင်ရွက်သူများက မုန့်ဟင်းခါးပွဲများကို အမြန်ပြင်ဆင်ကာ ဧည့်သည်တော်များကို တည့်ခင်းဧည့်ခံ ခဲ့ပါသည်။

ထို့နောက် နေ့လည် ၁ နာရီတွင် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကာ ဆရာတော်မှ တရားတော်များ ဟောကြားတော်မူခဲ့ပါသည်။ ကောင်းမှူကုသိုလ်အစုစုတို့အတွက် အမျှအတမ်းပေးဝေ ရေစက်ချကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ထို့နောက် NP MYANMAR ညီအစ်ကို မောင်နှမများ အားလုံး စုပေါင်းကာ အမှတ်တရ ဓာတ်ပုံများ ရိုက်ခဲ့ပါသည်။

ထိုနေ့က အလှူပွဲတွင် ကုသိုလ်ပါဝင်လှူဒါန်းခဲ့သော ဆရာ၊ ဆရာမများ၊ Graduate အကိုအမများ၊ ကျောင်းသား၊ ကျောင်းသူ ညီအစ်ကို မောင်နှမများ အားလုံး၊ အစစအရာရာ ကူညီလုပ်ဆောင်ပေးခဲ့ကြသူများ၊ တက်ရောက်လာကြသော SIM၊ SP နှင့် NYP မှ ညီအစ်ကိုများ၊ အားလုံးအားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါသည်။

ကျွန်ုပ်တို့ဧ။် ကောင်းမှုအစုစု အတွက် အားလုံးကို အမျှအတမ်းများပေးဝေပါသည်။..။ အားလုံး.. အမျှ.. အမျှ.. အမျှ... ယူတော်မူကြပါ ကုန်သော်.. သာဓု..သာဓု..သာဓု...

အစစအရာရာ အောင်အောင်မြင်မြင်နှင့် ပြီးစီးသွားသော NPMM Robe Offering Ceremony သည်လည်း NPMM ဧ။် ကျောက်စာမှတ်တမ်းတွင် အဓိက တစ်ခန်း၊ တစ်နေရာမှ ပါဝင်လာခဲ့ပေပြီသတည်း...။...။


အမှတ်တရဓာတ်ပုံလေးတွေ တောင်းလို့ ရသလောက် တင်ပေးထားပါတယ်...
ရှိရင် ထပ်ပေးကြပါ....



သူကြီးနဲ့ သူဧ။် ရွာသားများ




NP Myanmar ညီအစ်ကို မောင်နှမများ



နေ့ဆွမ်းဆပ်ကပ်လှူဒါန်း



တရားမှာ ပျော်ဝင်နေကြတာလား... အိပ်ပျော်နေကြတာလား


တရားနာ ပရိသတ်

Labels:



4:02 AM
♥the unknown sercets♥




ကင်ပွန်းတပ်

ကျွန်ုပ်တို့၏ လွတ်လပ်ရာ နယ်မြေသစ်


စကားချီး

*မှင်စာကြီးနှင့် မှင်စာလေး*
NgeeAnn Poly တွင် ပညာရည်သောက်သုံးနေသူများ..
ခံစားမှုများ၊ တွေးထင်မှုများ၊ ဘ၀များ ကို စာသားများအဖြစ် အသွင်ပြောင်းလိုက်ခြင်းပင်..။



အဟောင်းလေးတွေ

December 2008
January 2009
February 2009
March 2009
April 2009


နားနားပြီးပြော



မိတ်ဆွေအပေါင်းအသင်း ဘလော့ခ်များ

သံလွင် Hero
ကိုအရိုင်း
ဝင်းခန့်မောင် (NYP)
အောင်ဖြိုး
ဂျိုးဇက်
ကိုအောင်ကိုမင်း


NP နဲ့ ပတ်သတ်သမျှ

အချစ်ဆုံးကြီး (MEL, NP)
NPal
Student mail
NPMM ဖိုရမ်


ဘောလုံးအကြောင်း

Eleven ဂျာနယ်
Live Scores
မန်ယူ(King of the world..!!)
ဘောသတင်းလေးတွေ
ဘောပွဲတွေ ပြန်ကြည့်မယ်


MUSIC(Myanmar Songs)

Myanmar MP3
FlashBand


Credits

YAll right reserved to
Brushes: I
Fonts: II
Host: III IV
Designer:VI™