Tuesday, December 23, 2008

{ National Stadium Silenced }


ပြီးခဲ့တဲ့ Sunday က ၊ စင်ကာပူ National Stadium မှာ အာဆီယံ Suzuki Championship ဆီးမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် စင်ကာပူ အမည်ခံ နိုင်ငံတကာ တပ်ပေါင်းစု အသင်း နှင့် ဗီယက်နမ် အသင်းတို့ ယှဉ်ပြိုင်ကစား ခဲ့ကြပါတယ်.၊၊
ဗီယက်နမ် နိုင်ငံ မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပထမအကျော့ ပွဲစဉ်မှာ ဂိုးမရှိသရေ ကျခဲ့ပါတယ်.. အဲဒါကြောင့် စလုံး တပ်ပေါင်းစု အသင်းက အများကြီး အခွင့်သာခဲ့ပါတယ်..၊၊ ဒီပွဲမှာ Champion League လို အဝေးဂိုးဥပဒေ လည်း မရှိတဲ့အတွက် စလုံးအသင်းအနေနှင့် အဝေးဂိုးပေးရလည်း မှုစရာ မလိုဘူး ပေါ့ဗျာ။
ပွဲကြည့်စင်မှာလည်း LIONS FEAR NONE ဆိုတာတွေ ဘာတွေနဲ့ ပေါ့ဗျာ။.. အဲ.. ဗီယက်နမ် တွေကလည်း အထင်မသေးနဲ့ဗျ..
ပရိသတ် ၅၀၀၀ ကျော်လာအားပေးတယ်ဗျ... (အဲ ကျုပ်တို့ ရွှေမြန်မာ တွေကိုတော့ မမှီဘူးပေါ့ဗျာ.. )

ပွဲစတာနဲ့ အဲဒီ နိုင်ငံတကာ အဖြူ၊အမဲ ပေါင်းစုံ အသင်းကြီးဟာ ခွန်အားတွေ အရပ်အမောင်းတွေ သုံးပြီး အနိုင်ရရှိရေး ကြိုးစားတယ်ပေါ့ဗျာ.. ဗီယက်နမ်တွေကလည်း ဘယ်ရလိမ့်မလဲ အသည်းမာတယ်... အမေရိကန် ကိုတောင် ခံချလာတဲ့ ကောင်တွေပဲ။ ဂိုးသမားနဲ့ နောက်တန်းက တော်တော် ကိုကောင်းတယ်.။ စလုံးရှေ့တန်းက ဟို အားကစားစိတ်ဓာတ်မရှိတဲ့ အလစ်သမား နိုအလမ်ရှား ဆိုတဲ့ ဘဲလည်း လောဘကြီးနေတာနဲ့ ဂိုးပေါက်ပျောက်နေလေရဲ့ ။
အဲလိုနဲ့ ကစားလာကြတာ မိနစ် ၈၀ နားရောက်တော့- စင်ကာပူ နောက်တန်းကို ကျော်ဖြတ်ပြီး ဗီယက်နမ် ရှေ့တန်း က အနိုင်ဂိုးသွင်းယူသွားတယ်ဗျာ။ National Stadium Silenced!!! ငြိမ်သက်သွားတာပေါ့ဗျာ။
စိတ်ဓာတ်မာတဲ့ ဗီယက်နမ်တွေဟာ ပွဲပြီးတဲ့ အထိ ပိတ်ဆို့ပြီး ကစားနိုင်ခဲ့လို့ စလုံးမြေမှာ- နိုင်ငံတကာ ရောင်စုံ အသင်းကြီး ကျဆုံးခဲ့တာပေါ့ဗျာ။
ဒီပွဲမှာ ကျုပ်တို့ မြန်မာလက်ရွေးစင်အသင်း ဗီယက်နမ် အသင်းကို အတုယူသင့်တယ်ဗျာ။ အိမ်ရှင်အသင်းတွေ နဲ့ တွေ့ရင် မြေကြီးလက်ခတ်မလွဲ ရှူံးရှူံး နေတဲ့ မြန်မာအသင်း ဗီယက်နမ် လို စိတ်ဓာတ်မာမာနဲ့ ကစားရမယ်။ ဗီယက်နမ်ကို အားမပေးပါဘူး။ ဒါပေမယ့် အတုယူရမယ်။ (ဗီယက်နမ် ဒိုင်ကပဲ မြန်မာအသင်းကို နစ်နာအောင် လုပ်ခဲ့တာပဲလေ)
ပွဲပြီးခါနီးမှာ ဗီယက်နမ် ကစားသမား ၁ ယောက် အနီပြခံရတာပဲ။ ဒါပေမယ့် သူတို့က စိတ်ဓာတ်မာတယ်။ မြန်မာတွေလို စိတ်ဓာတ်အကျမလွယ်ဘူး။ ခံနိုင်ရည်ရှိတယ်။ တကယ်တမ်း ဗီယက်နမ် အသင်းသားတွေဟာ မြန်မာတွေလောက်တောင် လူကောင်မကြီးပါဘူး။ (ဥပမာ- ရန်ပိုင်၊ ဇော်လင်းထွန်း၊ ကျော်ခိုင်ဝင်း တို့ဟာ အရပ်အမောင်း ကောင်းတဲ့ သူတွေပါ။)
ဗီယက်နမ်ဘက်မှာ - စိုးမြတ်မင်း ၊ ရာဇာဝင်းသိန်း၊ မျိုးမင်းထွန်း တို့လို ဘောလုံးကို ပင်ကိုယ်ကျွမ်းကျင်တဲ့ သူလည်း အများကြီး မပါ ပါဘူး။ သူတို့ဟာ စိတ်ဓာတ်(Moral) တစ်ခုတည်းနဲ့ ကစားသွားတာပါ။ အိမ်ရှင်အသင်းတွေ ဘာတွေ စဉ်းစားမနေဘဲ ၊ ကြောက်စိတ်ဝင် မနေဘဲ ကစားသွားလို့ အနိုင်ရသွားတာပါ။
ခြင်္သေ့ စင်ကာပူ အသင်းကတော့ အရပ်အမောင်းရော ဘောလုံးကျွမ်းကျင်မှုပါ ကောင်းပါတယ်။ ဒါပေမယ့် ကစားသမားတွေဟာ နိုင်ငံသား အစစ်(စင်ကာပူသွေးအစစ်) တွေ မဟုတ်တဲ့အတွက် တကယ်တမ်း မိုးထဲရေထဲ၊ ကျင်းထဲကြပ်ထဲ အခြေအနေတွေမှာ သိသာပါတယ်။
မွေးစားနိုင်ငံသားဟာ သွေးရင်းသားရင် နိုင်ငံသားအစစ်လောက်တော့ မိမိနိုင်ငံကို ချစ်မှာ ၊ မိမိနိုင်ငံအတွက် ကြိုးစားမှာ မဟုတ်တာ အမှန်ပါပဲဗျာ။

ဘာပဲပြောပြော အုပ်စုပွဲ(မြန်မာနဲ့ပွဲ)မှာ မတရားသောနည်းနဲ့ အနိုင်ရရှိခဲ့တဲ့ စင်ကာပူအသင်း အခုတော့ အောင်ဖျာလိပ်သွားတာ ၀မ်းသာပါတယ်ဗျာ။...။

Labels:



2:05 AM
♥the unknown sercets♥




ကင်ပွန်းတပ်

ကျွန်ုပ်တို့၏ လွတ်လပ်ရာ နယ်မြေသစ်


စကားချီး

*မှင်စာကြီးနှင့် မှင်စာလေး*
NgeeAnn Poly တွင် ပညာရည်သောက်သုံးနေသူများ..
ခံစားမှုများ၊ တွေးထင်မှုများ၊ ဘ၀များ ကို စာသားများအဖြစ် အသွင်ပြောင်းလိုက်ခြင်းပင်..။



အဟောင်းလေးတွေ

December 2008
January 2009
February 2009
March 2009
April 2009


နားနားပြီးပြော



မိတ်ဆွေအပေါင်းအသင်း ဘလော့ခ်များ

သံလွင် Hero
ကိုအရိုင်း
ဝင်းခန့်မောင် (NYP)
အောင်ဖြိုး
ဂျိုးဇက်
ကိုအောင်ကိုမင်း


NP နဲ့ ပတ်သတ်သမျှ

အချစ်ဆုံးကြီး (MEL, NP)
NPal
Student mail
NPMM ဖိုရမ်


ဘောလုံးအကြောင်း

Eleven ဂျာနယ်
Live Scores
မန်ယူ(King of the world..!!)
ဘောသတင်းလေးတွေ
ဘောပွဲတွေ ပြန်ကြည့်မယ်


MUSIC(Myanmar Songs)

Myanmar MP3
FlashBand


Credits

YAll right reserved to
Brushes: I
Fonts: II
Host: III IV
Designer:VI™