Saturday, December 27, 2008
{ မဟာဝီရ အို..ဗုဒ္ဓ }

ခရစ်ယာန်ဘာသာဝင်တွေ ကလည်း သူတို့ရဲ့ ခရစ္စမတ်ပွဲတော်တွေ ကျင်းပနေကြချိန်မှာ- ကျွန်တော်လည်း အားကျမခံ youtube မှာ ဗုဒ္ဓ၀င်နဲ့ ပတ်သက်တာလေးတွေ (ဇာတ်လမ်းတွဲလေးတွေ၊ သီချင်းလေးတွေ) ရှာမိတယ်ဗျာ..။
အဲဒီမှာ ရှာရင်းနဲ့ တွေ့မိတဲ့ သီချင်းလေး တစ်ပုဒ် ရှိတယ်ဗျ.... သီချင်းလေးကတော့ တော်တော်အဓိပ္ပါယ်လည်း ပြည့်စုံတယ်၊ သံစဉ်လည်း ကောင်းတယ်၊
တချို့စာသားတွေဆိုရင် မြင့်လွန်းလို့ လိုက်လို့တောင် မမီဘူးဗျာ။ဒီသီချင်းလေးရဲ့ အမည်ကတော့
မဟာဝီရ.. အိုဗုဒ္ဓ ပဲဖြစ်ပါတယ်။ ရေးသားတဲ့ တေးရေးဆရာတွေကတော့ ကွယ်လွန်သွားပြီ ဖြစ်တဲ့
ထူးအိမ်သင် နဲ့ မောင်မောင်ဇော်လတ် ဖြစ်ပါတယ်။ သီဆိုထားသူကလည်း
ကိုငှက်ကြီး (ထူးအိမ်သင်) ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အေးမြကြည်လင် တဲ့အသံနဲ့ ဒီသီချင်း ဟာ ရေနှင့်ကြာ ပမာ လိုက်ဖက်လှပါတယ်။ ပြီးတော့- ဒီသီချင်းရဲ့ ထူးခြားချက်ကတော့ သီချင်းတစ်ပုဒ်လုံး အချောသတ်ပြီးစီးနိုင်ဖို့အတွက် သံစဉ်ရှာခြင်း၊ စာသားရေးသားခြင်း အစရှိသည်တို့အတွက်
၁၀ နှစ်ခန့် ကြာမြင့် ခဲ့ပါတယ်။
(မြန်မာပြည်မှာ- အခုနောက်ပိုင်း ထွက်ပေါ်လာတဲ့ ပေါ်ပင်ခေတ်သီချင်းတွေကတော့ အဓိပွါယ်မရှိဘဲ ရောက်တတ်ရာရာ ရေးသားပြီး ဆဲဆိုနေသလို၊ ရန်တွေ့နေသယောင် သီဆိုထားတာတွေ့ရတော့ အတော်စိတ်ပျက်မိပါတယ်။ ဒီလို ပြီးပြည့်စုံတဲ့ သီချင်းနဲ့ အဲဒီ သီချင်းတွေ ယှဉ်လိုက်ရင် မိုးနဲ့မြေ လို ကွာခြားပါတယ်ဗျာ..)
သီချင်းရဲ့ အစပိုင်းမှာ-
ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ၊ သရဏ တယံ အဟံ ပူဇေမိ ဆိုပြီး ရတနာသုံးပါးကို တိုင်တည်ကာ အစတည် ဖွင့်လှစ်ထားပါတယ်။ အပိတ်ပိုင်းမှာလည်း ထိုအတိုင်း ပြုလုပ်ထားပါတယ်။ နောက်ခံအတီးပိုင်းမှာ- ဘုရားရှင်ရဲ့ မူရင်းဇာတိဖြစ်တဲ့ အိန္ဒိယတေးသွားသံစဉ် ပုံစံ လေးတွေ ထည့်သွင်းထားတာဟာလည်း တစ်မျိုးတစ်ဖုံ ထူးဆန်းနေပါတော့တယ်။ တကယ်တော့ ဒီသီချင်းလေးဟာ သီချင်းတစ်ပုဒ် အနေနှင့်သာမက တရားတစ်ပုဒ်အနေနှင့်ပါ နားဆင်နာယူနိုင်ပါသည်။
သီချင်းအပြည့်အစုံလေးကို တော့ အောက်မှာ ခံစားကြည့်ကြပါ။..။
Labels: ဗုဒ္ဓ၀င်
6:00 PM
♥the unknown sercets♥