Tuesday, December 30, 2008
{ New Year & New Canteen(MAKAN PLACE) }
လက်တို့ပြီးတော့ ပြောရဦးမယ်..... (အဲဟုတ်ဘူး) ဘလော့ရေးပြီးတော့ ကြွားရဦးမယ်.....
ကျွန်တော်တို့
NgeeAnn Poly မှာ New Year နဲ့အတူ Canteen အသစ်ကြီးကို ဖွင့်လှစ်လိုက်ပါပြီဗျာ.... canteen ရဲ့ နာမည်ကိုတော့ အရင်ကလို canteen 1 တွေ၊ canteen 2 တွေ လို မပေးတော့ဘဲ ထူးထူးဆန်းဆန်း
MAKAN PLACE ဆိုပြီး ပေးထားလေရဲ့ဗျာ။ MAKAN ဆိုတာကတော့
မလေးလို စားသုံးခြင်း(eating) ဟုခက်ဆစ်ဖွင့်လို့ ရပါတယ်။
တည်နေရာကတော့ အရင် engineering ကျောင်းသား များချစ်ကြတဲ့ Manufacturing Workshop ကြီးတည်ရှိရာ
BLK-51 မှာ ဖြစ်ပါတယ်။... Makan Place ကြီးထဲမှာ- အဓိက ကတော့ Chinese, Japanese, Western, Indian, Malay, Snack အစရှိတဲ့ ဆိုင်တွေပါဝင်ပါတယ်။ ဆိုင်ပေါင်း
၂၀ နီးပါး ပါဝင်တဲ့အတွက် စင်ကာပူမှာ ရှိတဲ့ ကျောင်း Canteen တွေထဲမှာ- အဆင့်အမြင့်ဆုံး ၊ အကောင်းဆုံး တစ်ခု ဖြစ်ပါတယ်။
ဆိုင်တွေအများစုကို
Koufu မှတာဝန်ယူထားသလို၊
Hungry Jack , Subway နဲ့ Waffle Town အစရှိတဲ့ ဆိုင်တွေ လည်း ရှိပါတယ်။ canteen တစ်ခုလုံးကို Air-condition လုပ်ထားပါတယ်။ အရင်က သူများကျောင်းက သူငယ်ချင်းတွေနဲ့ တွေ့ရင် "
မင်းတို့ ကျောင်းက canteen တွေက ညံ့လိုက်တာ " ဆိုပြီး ပြောခံခဲ့ရသမျှ အခုတော့ ခေါင်းမော့ နိုင်ပြီပေါ့ဗျာ...။
ဈေးနှုန်းတွေကလည်း သင့်တင့်တယ်ဗျာ။ အပြင်ကဆိုင်တွေမှာ s$6 , s$7 ပေးရတဲ့ အစားအစာတွေက အခု s$3 ပတ်ဝန်းကျင်တွေချည်းပါပဲ။ canteen ၀န်ထမ်းများကလည်း ပျူငှာကြပါတယ်ဗျာ။ အားလုံး ဆက်ဆံအဆင်ပြေကြပါတယ်။ (အစမို့လားတော့ မသိ ဟီးဟီး.. )
ကဲ .... NP က အကို၊အမ၊ မောင်နှမ တို့ရေ Makan Place(new canteen) ကြီးမှာ Happy New Year ကို ကြိုဆိုလိုက်ကြပါစို့...။ တခြားကျောင်းက သူငယ်ချင်းတွေလည်း လာရောက်စာသုံးဖို့ ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျာ။.....
အောက်မှာ ဓာတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်......
အ၀င်ပေါက်က Makan Place ဆိုတဲ့ စာသားကြီး
canteen မှာရနိုင်တဲ့ အစားအစာတွေ ရေးပြထားတယ်
ဆိုင်ဖွင့်ပွဲနေ့ အမှတ်တရ ပန်းစည်းတွေ
ဆိုင်ပေါင်း ၂၀ ခန့်ထဲမှ အဖွဲ့ဝင်တစ်ဆိုင်
စားပွဲအခင်းအကျင်း
ထူးထူးခြားခြား WaffleTown နဲ့ Subway
လူစားများတဲ့ One Pot (Hot Pot အသေးစား)
မှင်စာလေး စားတဲ့ ice-cream waffle
Labels: NP Life
5:00 PM
♥the unknown sercets♥