Friday, March 6, 2009

{ အမိမြေကို တမ်းတခြင်း }

ဪ.....
သူများတွေကတော့ စာမေးပွဲပြီးလို့ ပြည်တော်ပြန်ကုန်ကြပြီ....ဒီက မှင်စာလေးကတော့ ဒုံရင်း ၊ ဒုံရင်းဆိုသလို အရင်အတိုင်း ဒီကျွန်းနိုင်ငံသေးသေးလေးမှာ ဆက်လက် ခြေချနေရတုန်းပါပဲ....ဒီမနက်ကတင် မှင်စာကြီးကို အာကာ ၊ ကိုဖြိုးပြည့်သိန်းတို့နဲ့ အတူ လေဆိပ်လိုက်ပို့ခဲ့သေးတယ်...
သူကတော့ ဒီအချိန်ဆို ပြည်တော်မှာ ပျော်နေလောက်ရောပေါ့ (မနာလိုလိုက်တာ...)

ပိုလီကျောင်းတက်တာလည်း ပထမနှစ်ပြီးသွားပြီ... ကိုယ့်ကိုကိုယ်လည်း တော်တော်ရင့်ကျက်လာပြီလို့ ထင်ရတာပဲ(ဟဲဟဲ)..... ပြသနာတွေလည်း မျိုးစုံတက်ခဲ့ပြီးပြီပေါ့...

ခုလို ကျောင်းပိတ်ထားတဲ့ အချိန်... April နှစ်သစ်ကူးချိန်လေးမှာတော့ ကိုယ့်နိုင်ငံရဲ့မြေကို ကိုယ်နင်းချင်သေးတယ်.... ကိုယ့်နိုင်ငံရဲ့ မြေသင်းရနံ့ကို သင်္ကြန်ရေတွေ ပက်ကြတဲ့ အချိန်မှာ ရှူရှိုက်ချင်သေးတယ်လေ....

ဒီနေ့ အိမ်ပြန်ရောက်တော့ gtalk လေးဖွင့်တာပေါ့..အဲဒီအချိန်မှာ သူငယ်ချင်းတစ်ယောက်ရဲ့ logo ပုံလေးကို ကြည့်လိုက်မိတယ်...သူလည်း နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့သူပါ....သူ့ရဲ့ logo ပုံလေးက သူရောက်နေတဲ့ နိုင်ငံရဲ့ အလံပုံလေးဖြစ်နေတယ်...စိတ်ထဲမှာ တစ်မျိုးဖြစ်သွားတယ်..သူ့ဟာသူ ဒီနိုင်ငံမှာ ရောက်နေတာကို ဂုဏ်ယူလို့တင်ထားတာလား..သူ ဒီနိုင်ငံမှာ ရှိနေတာကို လူတွေသိစေချင်လို့ တင်ထားတာလားလို့ မသိပါဘူး...ဒါပေမယ့် သူသာ "ငါ မြန်မာနိုင်ငံက ထွက်ခွာလာရတာ..ငါ့ အမိနိုင်ငံကို သတိရသောအားဖြင့် မြန်မာနိုင်ငံအလံလေးများ တင်ရင်ကောင်းမလား" ဆိုတဲ့ အတွေးလေး ၀င်လာခဲ့ရင် ဘယ်လောက်ကောင်းမလဲ...

ဟိုတစ်နေ့ကလည်း ညီမတစ်ဝမ်းကွဲဆီကနေ မြန်မာစာဖတ်စာအုပ် တောင်းဖတ်မိတယ်..သူက စကာင်္ပူနိုင်ငံမှာပဲ ၁၀ တန်းဖြေမှာလေ...ဖတ်နေရင်း စိတ်ထဲမှာ တစ်မျိုးဖြစ်လာလို့ မြန်မာစာ စကားပြေစာအုပ်ရဲ့ မာတိကာကို အပြန်ပြန်အလှန်လှန် ဖတ်ကြည့်မိတယ်..စိတ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောတဲ့ စကားပြေကို မတွေ့မိလို့လေ..အဲဒါနဲ့ မှင်စာကြီးနဲ့ အာကာကို သေချာအောင် မေးကြည့်တော့ ဟုတ်တယ်တဲ့..အဲဒီ ခေါင်းစဉ်မတွေ့တော့ဘူးတဲ့..ဘာလို့များ ဒီခေါင်းစဉ်ကို ဖြုတ်ပြစ်ပါလိမ့်နော်...မြန်မာနိုင်ငံကို အသစ်တဖန် မွေးထုတ်ပေးခဲ့တဲ့ ဖခင်ကြီးနဲ့ မိန့်ခွန်းကို ဘာလို့များ ချန်လှပ်ခဲ့ရစ်ပါလိမ့်နော်.....

ပြည်ပမှာ ရောက်ရှိနေတဲ့ ညီအကို မောင်နှမတွေအားလုံးလည်း အကြောင်းကြောင်းကြောင့်သာ ကိုယ့်နိုင်ငံ ၊ ကိုယ့်ဇာတိမြေကို စွန့်ခွာလာခဲ့ရတာပါ....အခုအချိန်မှာ တစ်ယောက်ယောက်ကများ "မင်းမြန်မာပြည်ကို ပြန်ချင်လား" လို့များ မေးလာခဲ့ရင် အားလုံးဟာ တညီတညွတ်တည်း ပြန်မယ်လို့ ဖြေကြမယ့် လူတွေချည်းပဲလို့ ထင်ပါတယ်....ဟုတ်တယ်လေ..ဘယ်သူကများ ကိုယ်မွေးဖွားရာ. ကိုယ်ကြီးပြင်းရာ. ကိုယ့်မိဘဆွေမျိုးတွေ ရှိရာ မွေးရပ်မြေကို မပြန်ချင်ပါ့မလဲ....

အဲဒီတော့ မှင်စာလေးက ဒီကနေပြီး စာဖတ်ပရိသတ်ကြီးကို အမိမြေရဲ့ နွေးထွေးမှုကို အမြန်ဆုံး ပြန်လည် ခံစားရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်....

(အထူးတောင်းပန်ချက်။ ။ဒီ မှင်စာ ဘလော့လေးကို မှင်စာကြီးနဲ့ ၂ ယောက်အတူ ဖန်တီးထားတာ ဖြစ်ပေမယ့် ကျွန်မက ဒီဇိုင်းပိုင်းကိုသာ တာဝန်ယူထားသူပါ.. မှင်စာကြီးကသာ ပို့စ်တွေ ရေးနေတာ ဖြစ်ပါတယ်..အခု သူပြည်တော်ပြန်နေတဲ့ အချိန်မှာ ကျွန်မက အစားဝင်ရောက် ရေးသားခြင်းဖြစ်ပါတယ်...ပထမဆုံးရေးတဲ့ ပို့စ်လေးဖြစ်လို့ စကားလုံးများ အသုံးပြုရာမှာ အမှားပါခဲ့သည် ဖြစ်စေ ၊ အကြောင်းအရာများ ဆက်စပ်မှုမရှိသည်ဖြစ်စေ လွဲချော်မှုများ ရှိနေပါက ခွင့်လွှတ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်....)

Labels:



12:25 PM
♥the unknown sercets♥




ကင်ပွန်းတပ်

ကျွန်ုပ်တို့၏ လွတ်လပ်ရာ နယ်မြေသစ်


စကားချီး

*မှင်စာကြီးနှင့် မှင်စာလေး*
NgeeAnn Poly တွင် ပညာရည်သောက်သုံးနေသူများ..
ခံစားမှုများ၊ တွေးထင်မှုများ၊ ဘ၀များ ကို စာသားများအဖြစ် အသွင်ပြောင်းလိုက်ခြင်းပင်..။



အဟောင်းလေးတွေ

December 2008
January 2009
February 2009
March 2009
April 2009


နားနားပြီးပြော



မိတ်ဆွေအပေါင်းအသင်း ဘလော့ခ်များ

သံလွင် Hero
ကိုအရိုင်း
ဝင်းခန့်မောင် (NYP)
အောင်ဖြိုး
ဂျိုးဇက်
ကိုအောင်ကိုမင်း


NP နဲ့ ပတ်သတ်သမျှ

အချစ်ဆုံးကြီး (MEL, NP)
NPal
Student mail
NPMM ဖိုရမ်


ဘောလုံးအကြောင်း

Eleven ဂျာနယ်
Live Scores
မန်ယူ(King of the world..!!)
ဘောသတင်းလေးတွေ
ဘောပွဲတွေ ပြန်ကြည့်မယ်


MUSIC(Myanmar Songs)

Myanmar MP3
FlashBand


Credits

YAll right reserved to
Brushes: I
Fonts: II
Host: III IV
Designer:VI™