Monday, February 2, 2009
{ နတ်လူ သာဓု ခေါ်စေသောဝ်.... }
NP Myanmar Students မှ ညီအစ်ကိုမောင်နှမများ စုပေါင်း ကျင်းပ ပြုလုပ်ကြသော ဒုတိယအကြိမ်မြောက် ROBE OFFERING CEREMONY အလှူပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့ (တနင်္ဂနွေနေ့) က ToPayoh မြန်မာ ဘုန်းကြီးကျောင်း တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလှူပွဲ အခမ်းအနားသို့ NPMM မှ ဆရာ ဒေါက်တာမြတ်မော်ထွန်း နှင့် မိသားစု၊ ဆရာမ ဒေါ်ဆွေဆွေမင်း၊ Graduate အကိုအမများ၊ SPMSC နှင့် NYPMM။ MySIM မှ တာဝန်ရှိသူများ၊ NPMM CEC ကော်မတီဝင်များ၊ NP Myanmar ကျောင်းသားကျောင်းသူများ စုစုပေါင်း ဧည့်ပရိသတ် ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။
ဖိတ်စာပါ အစီအစဉ်အတိုင်း နံနက် ၁၀ နာရီခန့်တွင် ဧည့်ပရိသတ် ညီအစ်ကို မောင်နှမများ တဖွဲဖွဲ နှင့် ရောက်ရှိလာကြပါသည်။ ထို့နောက် ၁၁ နာရီကျော်ကျော်တွင် ရဟန်းသံဃာများအား နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။
နေ့လည် ၁၂ နာရီမထိုးခင်တွင် ဘုန်းကြီးကျောင်းသို့ မုန့်ဟင်းခါးများ ရောက်ရှိလာသည်နှင့် တပြိုင်နက် ကူညီဆောင်ရွက်သူများက မုန့်ဟင်းခါးပွဲများကို အမြန်ပြင်ဆင်ကာ ဧည့်သည်တော်များကို တည့်ခင်းဧည့်ခံ ခဲ့ပါသည်။
ထို့နောက် နေ့လည် ၁ နာရီတွင် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကာ ဆရာတော်မှ တရားတော်များ ဟောကြားတော်မူခဲ့ပါသည်။ ကောင်းမှူကုသိုလ်အစုစုတို့အတွက် အမျှအတမ်းပေးဝေ ရေစက်ချကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ထို့နောက် NP MYANMAR ညီအစ်ကို မောင်နှမများ အားလုံး စုပေါင်းကာ အမှတ်တရ ဓာတ်ပုံများ ရိုက်ခဲ့ပါသည်။
ထိုနေ့က အလှူပွဲတွင် ကုသိုလ်ပါဝင်လှူဒါန်းခဲ့သော ဆရာ၊ ဆရာမများ၊ Graduate အကိုအမများ၊ ကျောင်းသား၊ ကျောင်းသူ ညီအစ်ကို မောင်နှမများ အားလုံး၊ အစစအရာရာ ကူညီလုပ်ဆောင်ပေးခဲ့ကြသူများ၊ တက်ရောက်လာကြသော SIM၊ SP နှင့် NYP မှ ညီအစ်ကိုများ၊ အားလုံးအားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါသည်။
ကျွန်ုပ်တို့ဧ။် ကောင်းမှုအစုစု အတွက် အားလုံးကို အမျှအတမ်းများပေးဝေပါသည်။..။ အားလုံး.. အမျှ.. အမျှ.. အမျှ... ယူတော်မူကြပါ ကုန်သော်.. သာဓု..သာဓု..သာဓု...
အစစအရာရာ အောင်အောင်မြင်မြင်နှင့် ပြီးစီးသွားသော NPMM Robe Offering Ceremony သည်လည်း NPMM ဧ။် ကျောက်စာမှတ်တမ်းတွင် အဓိက တစ်ခန်း၊ တစ်နေရာမှ ပါဝင်လာခဲ့ပေပြီသတည်း...။...။
အမှတ်တရဓာတ်ပုံလေးတွေ တောင်းလို့ ရသလောက် တင်ပေးထားပါတယ်...
ရှိရင် ထပ်ပေးကြပါ....

သူကြီးနဲ့ သူဧ။် ရွာသားများ

NP Myanmar ညီအစ်ကို မောင်နှမများ

နေ့ဆွမ်းဆပ်ကပ်လှူဒါန်း

တရားမှာ ပျော်ဝင်နေကြတာလား... အိပ်ပျော်နေကြတာလား

တရားနာ ပရိသတ်
Labels: NPMM
4:02 AM
♥the unknown sercets♥