Saturday, January 31, 2009

{ သရဲမလေးက.... တကယ်ခြောက်တယ်ဗျ.... }

တကယ့် အဖြစ်အပျက် အတွေ့အကြုံလေးပါဗျာ... အခု ဒီစာကို ချက်ချင်းကို ရေးလိုက်တာပါ....
နေ့ရက်က... ၃၀ ရက်ည.. ၃၁ မနက်ပေါ့.. ဇန်န၀ါရီ ၂၀၀၉.... အချိန်က... ညသန်းခေါင်ယံ ၁၂ နာရီကျော်.....နေရာက.. ကျွန်တော်တို့ NgeeAnn ကနာမည်ကြီး.. Block 50.... (ဒန် ဒန့် ဒန်)....

ISC က ညီမငယ် ရတနာ organize လုပ်တဲ့ Movie Marathon မှာ ပေါ့.... ISC လို့ဆိုပေမယ့် တကယ်တမ်းတော့ မြန်မာတွေ ချည်းပါပဲ... ISC is nth w/o Myanmar ဆိုတဲ့အတိုင်းပေါ့... ည ၉း၃၀ မှာ စာရင်းပေး ဘာညာသရကာ လုပ်ကြတာပေါ့ဗျာ...

ရုပ်ရှင်တွေမပြခင်မှာ... အဲဒီ block 50, Level 6 ကို ကျွန်တော်နဲ့ ညီငယ် အားမာန် တစ်ခါ တက်သွားသေးတယ်... အဲဒီ အချိန်တုန်းက. part-time class တွေရှိသေးတော့.. လူတွေလည်း ဆူဆူညံညံ၊ မီးတွေလည်း ထိန်ထိန်လင်းပေါ့ဗျာ။ သရဲရှိရင်တောင်.. လူတွေကို ကြောက်လို့ ထွက်လာမှာ မဟုတ်ဘူး...။
ဒါနဲ့ ၁၀ နာရီကျော်ကျော် လောက်မှာ ပထမဆုံး ရုပ်ရှင်ကား စပြတယ်... ကောင်းပါတယ်... Joruney To The Center Of The Earth ဆိုတဲ့ ကားလေးပါ....
အဲဒီကားလည်း ပြီးရော... ဇာတ်လမ်းက စတော့တာပဲ....

ဇာတ်ကားတစ်ကားပြီးတိုင်း break ပေးတာပေါ့... အဲဒီဇာတ်ကားပြီးတော့... မုန့်နဲ့ အအေး တိုက်မယ်ဆိုပြီး ခဏအနားပေးတယ်လေ... အိမ်သာသွားတဲ့သူသွား၊ မုန့်စားတဲ့သူစားပေါ့ဗျာ..... (ဟဲဟဲ.. ကောင်းခန်းရောက်လာပြီ... ) အဲမှာ.. ပြသနာစပြီး မီးထွန်းတာက.. ကျွန်တော်ပါပဲဗျာ..... အဟက်....
Block 50 ကသရဲခြောက်တယ်... ဘယ်သူ အပေါ်တက်မလဲဆိုပြီး ပြောတာပေါ့။... အဲဒီမှာ.. နည်းနည်း မယုံသင်္ကာဖြစ်တဲ့ သူတွေ က လိုက်မယ်ပေါ့... ယောင်္ကျားလေးတွေရော..၊ မိန်းကလေး တွေရော ပေါ့... မှတ်မိသလောက်ပြောရမယ်ဆိုရင်.. ငတင့်၊ အားမာန်၊ ချမ်းငြိမ်း၊ ကျော်ကိုလတ် နဲ့ စန္ဒီမ၊ သဒ္ဓါ ပြီးတော့.. မှင်စာလေး ရယ်.. ကျွန်တော်ရယ်ပေါ့... ။ တက်သွားကြပါလေရော.... Lift မသုံးဘဲ လှေကားနဲ့ တက်သွားကြတာ.ပေါ့......

ဒန်.. ဒန့်.. ဒန်.... အဲမှာ ၄ ထပ်လည်း ရောက်ရော... အောက်ကနေ မိန်းကလေး အော်သံ ကြားလိုက်ရပါလေရော.... ။ အဲဒီနား မရောက်ခင်က... ကျွန်တော်တို့ အုပ်စုလည်း ဟိုအော်ဒီအော် ဆိုတော့... အောက်မှာ ကျန်ခဲ့တဲ့ တစ်ယောက်ယောက်နောက်တာပါပဲ လေ ဆိုပြီး.. သွေးတောင်မပျက်ကြပါဘူး...။ Level 6 ၀ရန်တာကနေ ပတ်လျှောက်ပြီး.. Lift နဲ့ ပြန်ဆင်းလာတာပေါ့.... အေးဆေးပါ.. စာဖတ်ပရိသတ်ကြီး မလန့်နဲ့ဦးနော်.. ဒါအစ...

အောက်ရောက်တော့ ကျန်ခဲ့တဲ့သူတွေကိုမေးတာပေါ့.. ခုနက.. အောက်ကနေ ဘယ်သူအော်တာလဲပေါ့..။ သူတို့ကလည်း ဘယ်သူမှ မအော်ဘူးတဲ့..။ မနောက်ကြနဲ့နော်... လို့ မေးတော့... သေချာပြောတယ်... ဘယ်သူမှ မအော်ဘူးတဲ့...။ အဲ.. နည်းနည်းတော့.. စိတ်ထဲမှာ တထင့်ထင့် ဖြစ်လာပြီ... ။

ကျွန်တော်ပဲ ပြသနာကို ဂျင်နရေတာ ထွန်းရှာတာပါ... အဟက်... ။ လာကွာ ထပ်တက်မယ် ဆိုပြီး စိန်ခေါ်တာပေါ့... ဒီတစ်ခါ ယောင်္ကျားလေးတွေ ချည်းပဲ တက်မယ်ပေါ့..။ သူရဲကောင်းတွေ ဟီးရိုးကြီးတွေ ထွက်လာကြတာပေါ့..။ ကိုအရိုင်းရယ်၊ အာကာရယ်၊ ချမ်းငြိမ်းရယ်၊ ဘဲကြီးရယ်က.. လူသစ်တွေ၊ လူဟောင်းထဲက.. အားမာန်နဲ့ ကျွန်တော်ပေါ့... Lift နဲ့တက်တာပေါ့.ဘယ်အပင်ပန်းခံမလဲ..ဟဲဟဲ...

စပါပြီ....ဓာတ်လှေကားဟာ Level 6 ကို ရောက်ရှိလာပါပြီ.... အထဲက စာသင်ခန်းတွေထဲကို ဖြတ်လျှောက်ကြမယ်ပေါ့... ။ အားလုံးသဘောတူညီစွာ နဲ့ ၀င်သွားကြတာပေါ့... ။ နည်းနည်းတော့ လန့်တယ်.. ဖုန်းက မီးအရောင်နဲ့ EXIT ဆိုတဲ့ ဆိုင်းဘုဒ်က မီးရောင်ပဲ မြင်ရတယ်လေ... စာသင်ခန်း ၁ ခန်းပြီး ၁ ခန်းကျော်လာတယ်... ဘာမှ မထူးခြားသေးဘူး...။ ၅ ခန်းလောက်လဲ ကျော်ပြီးရော မိန်းကလေး အိမ်သာကို ရောက်ပါလေရော...။ အားလုံးကြည့်လိုက်ကြတယ်.. အထဲမှာ မီးလင်းနေလေရဲ့ဗျာ..။ အံ့အားသင့်ကုန်ကြတယ်။ မီးလင်းစရာအကြောင်းမရှိဘူးလေ...။ NP ကအိမ်သာတွေက sensor တွေတက်ထားတာလေ.. အထဲမှာ လူရှိမှ မီးလင်းရမှာလေ... နည်နည်းတော့ ကျွတ်ကြဲကုန်ပြီ...။ ယောင်္ကျားလေး အိမ်သာလည်း ရောက်ရော.. လုံးဝ မီးမလင်းဘူးဗျာ...။ အားလုံးရဲ့ ခြေလှမ်းတွေဟာ အော်တို မြန်လာကြတယ်။..။
ဘာလို့ မိန်းကလေး အိမ်သာပဲ မီးလင်းရတာလဲ...အားလုံး စိတ်ထဲမှာ စဉ်းစားကုန်ပြီ..

လှေကားကနေ လမ်းလျှောက်ဆင်းကြတယ်။....။ ဖုန်းကို ကိုင်ထားတဲ့ အားမာန်က ရှေ့ဆုံးကပေါ့..။ ဖြည်းဖြည်းချင်းဆီ ဆင်းကြတယ်..။ ကျွန်တော်တို့ ဆင်းလာလိုက်တာ ၃ ထပ်ကိုလည်း အရောက်.. ကျွန်တော်တို့ အနောက်ကနေ မိန်းကလေး တစ်ယောက်ရဲ့ သဲ့သဲ့လေး အော်သံကို အားလုံး ရှင်းရှင်းလင်းလင်းကြီး ကြားလိုက်ရတယ်ဗျာ.... ။ အားလုံးလည်း နောက်ကျခြေထောက် သစ္စာဖောက် ဆိုပြီး အမုန်းဆွဲ တော့တာပေါ့...။ ၀တုတ်ကြီး ကိုအရိုင်းခမျာ... မဆင်းနိုင်ရှာလို့ သူ့ကို စောင့်စောင့် ခေါ်နေရတာနဲ့ ၃ ထပ်ကနေ မြေညီထပ်ဆင်းတာ တော်တော်နဲ့ မရောက်နိုင်ဘူး... ။ အောင်မလေး.. မြေကြီး နဲ့ ခြေထောက် ထိမှပဲ အသက်မှန်မှန် ရှူနိုင်တော့ တာပဲ...။

အောက်ရောက်တော့ အားလုံးကို ပြောပြတော့.. အားလုံးရှိန်သွားတာပေါ့...။ ကျွန်တော်တို့လည်း နည်းနည်းလေးတော့ ကျွတ်ကြဲသွားပြီ...။ အဲဒီနောက် ဆက်ပြီး ပြတဲ့ ဒုတိယကားကလည်း သရဲကား.. The Eye ဆိုတဲ့ကား...။ အဲဒီကား ပြပြီးတော့.. break time မှာ အပေါ်ထပ်တက်ဖို့ စည်းရုံးတာ ဘယ်သူမှ စည်းရုံးလို့ မရတော့ဘူးဗျာ.... ။...။

အဲဒါနဲ့ပဲ ရုပ်ရှင်ပြန်ဝင်ကြည့်ကြတော့တာပေါ့.. သူများတွေ ကြည့်နေတုန်း.. ကျွန်တော်လည်း သူများ laptop လေး ငှားပြီး ချက်ချင်းကို မှတ်တမ်းတင်လိုက်ရတာပေါ့ဗျာ...
ကျုပ်ဘ၀မှာ သရဲနဲ့ ပတ်သတ်ပြီး ထင်ထင်ရှားရှားကြီး ကြုံတွေ့လိုက်ရပါပြီဗျာ....
အရင်တုန်းက... ဆရာတွေက ပြောဖူးတယ်လေ.. block 50 , Level 6 ကနေ ကောင်မလေး တစ်ယောက် ခုန်ချပြီး သေဖူးတယ်တဲ့...။စာဖတ်သူတို့ စဉ်းစားကြည့်ပါ..
မီးလင်းတာလည်း မိန်းကလေး အိမ်သာ၊ ကြားရတာလည်း မိန်းကလေးအသံ၊ သေသွားသူကလည်း မိန်းကလေး... အိ... အဲဒါတွေ ပြန်ပြီး ဆက်စပ်တွေးကြည့်လိုက်တော့.....

အောင်မလေးနော်... စလုံး သရဲမလေးက.. တကယ်ခြောက်တယ်ဗျ....

Labels:



2:30 AM
♥the unknown sercets♥




ကင်ပွန်းတပ်

ကျွန်ုပ်တို့၏ လွတ်လပ်ရာ နယ်မြေသစ်


စကားချီး

*မှင်စာကြီးနှင့် မှင်စာလေး*
NgeeAnn Poly တွင် ပညာရည်သောက်သုံးနေသူများ..
ခံစားမှုများ၊ တွေးထင်မှုများ၊ ဘ၀များ ကို စာသားများအဖြစ် အသွင်ပြောင်းလိုက်ခြင်းပင်..။



အဟောင်းလေးတွေ

December 2008
January 2009
February 2009
March 2009
April 2009


နားနားပြီးပြော



မိတ်ဆွေအပေါင်းအသင်း ဘလော့ခ်များ

သံလွင် Hero
ကိုအရိုင်း
ဝင်းခန့်မောင် (NYP)
အောင်ဖြိုး
ဂျိုးဇက်
ကိုအောင်ကိုမင်း


NP နဲ့ ပတ်သတ်သမျှ

အချစ်ဆုံးကြီး (MEL, NP)
NPal
Student mail
NPMM ဖိုရမ်


ဘောလုံးအကြောင်း

Eleven ဂျာနယ်
Live Scores
မန်ယူ(King of the world..!!)
ဘောသတင်းလေးတွေ
ဘောပွဲတွေ ပြန်ကြည့်မယ်


MUSIC(Myanmar Songs)

Myanmar MP3
FlashBand


Credits

YAll right reserved to
Brushes: I
Fonts: II
Host: III IV
Designer:VI™