Monday, January 19, 2009
{ အရသာရှိလိုက်တာဗျာ..... ဟီး }


ခေါင်းစဉ်ကတော့....
အရသာရှိလိုက်တာဗျာ ပေါ့နော်..... ဘာလို့အဲဒီနာမည် ပေးရလဲ ဆိုတော့... gtalk မှာ ကျွန်တော်တို့
NPMM UNITED အသင်းသားတွေ အားလုံးနီးပါးတင်မက... ညီငယ်၊ ညီမငယ်တွေကပါ
custom message တင်ထားလို့ပါ...။ အရသာရှိရတာလည်း အကြောင်းအရင်း ရှိပါတယ်။
၁၉၉၉ ခုနှစ်က စတင်ပြုလုပ်ခဲ့တဲ့ INTERPOLY FOOTBALL CHAMPIONSHIP ဘောလုံးပြိုင်ပွဲကြီးရဲ့ ၁၀ နှစ်မြောက် 10th Anniversary မှာ မဟာပြိုင်ဘက် SP ကို အနိုင်ရပြီး ဗိုလ်စွဲတာဟာ တကယ့်ကို ချိုမြိန်လွန်းလှပါတယ်ဗျာ...။..။ ထိုဗိုလ်လုပွဲ အကျဉ်းချုပ်ကို ရေးပြပါမယ်။
Interpoly နောက်ဆုံးဗိုလ်လုပွဲအဖြစ် NPMM UNITED အသင်းနှင့်SPMFC အသင်းတို့ဟာ ၁၈ ရက် ဇန်န၀ါရီလ ၂၀၀၉ ခုနှစ်( တနင်္ဂနွေနေ့) မှာ Telok Kurau Secondary School ကျောင်းကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ပွဲကို ၅ နာရီမှာ စတင်ဖို့ ကြံရွယ်ခဲ့ပေမယ့် ဒိုင်လူကြီးများ နောက်ကျတဲ့အတွက် နာရီဝက်ခန့် ပွဲကို နောက်ကျ ခဲ့ရပါတယ်။ နောက်ဆုံးဗိုလ်လုပွဲ ဖြစ်သည့်အညီ နှစ်ဖက်အသင်းမှ ကျောင်းသူ ကျောင်းသား ပရိသတ်များနှင့် ကွင်းလျှံခဲ့ပါတယ်။ ထို့ပြင် ဘေးပတ်ဝန်းကျင် အိမ်များမှ ထွက်ကြည့်ရသည်အထိ ပွဲဟာ ရင်ခုန်စရာ အတိဖြစ်ခဲ့ပါတယ်။
ကျွန်တော်တို့ NPMM အသင်းရဲ့ လူထုတ်ပုံကတော့ - ဂိုး- ဇေယျာဖြိုး နောက်တန်း - စပီး(c)၊ ခိုင်မြဲ၊ စထွန်းအောင်ခိုင်၊ ကျော်စွာ အလယ်တန်း - ကျော်ထူး၊ ကိုသားငယ်၊ ဘုန်းကြီး၊ သာပြည့်၊ ပြည့်ဖြိုး ရှေ့တန်း - ဝေယံ -တို့ ဖြစ်ကြပါတယ်။ လူစားလဲသူများအဖြစ် - ကိုဘော်ကြီး (ကိုသားငယ်)၊ ဂျိုးဇက်(စပီး)၊ ဘဲကြီး@ထက်စံဝေ(ကျော်ထူး)၊ နေလင်းသူ(ဘဲကြီး) တို့ဖြစ်ကြပါတယ်။ပွဲစသည်နှင့် နှစ်ဖက်အသင်းဟာ အနိုင်ရရှိရေးအတွက် သူတင်ကိုယ်တင် ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ SPMFC အသင်းမှ အမြင့်ဘောနဲ့ အဝေးပေးစနစ်ကို အသုံးပြုကာ ကစားခဲ့ပါတယ်။ NPMM ကတော့ ကွင်းလယ်ကစားကွက်ကို ဖော်ကာ ကစားခဲ့ပါတယ်။ ပထမပိုင်း ၁၀ မိနစ်အကျော်ခန့်မှာ - SPMFC အတွက် ဗွေဆော်ဦးဂိုးကို SP တောင်ပံသမားမှ နောက်တန်းလူ ၂ ဦးကြားမှ အမြင့်ခုန်ကာ လှလှပပ ခေါင်းတိုက်သွင်းယူ သွားပါတယ်။
ထို့နောက် ဆက်လက်ပြီး NPMM အသင်းမှ ချေပဂိုးရရန် အားကုန်တင်ကာ ကစားလာပါတယ်။ ထို့ကြောင့် ၁၀ မိနစ်ခန့်အကြာတွင် ပြည့်ဖြိုး ကန်တင်လိုက်သော ဘောလုံးကို SPMFC နောက်တန်းလူက ဖျက်ထုတ်ရာမှ ဂိုးသမားကို ကျော်ကာ ကိုယ့်ဂိုးကိုယ် သွင်းမိသွားခြင်းဖြစ်ပါတယ်။
ဆက်လက်ဆိုသလိုပင် NPMM အသင်းမှ ဆက်တိုက်ဖိကစားရာမှ ဆက်လက်ပြီး ဒုတိယဂိုးထပ်မံ ရရှိခဲ့ပါတယ်။ ထိုဂိုးကိုတော့ ဘုန်းကြီးကန်သော ပြစ်ဒဏ်ဘောမှ တဆင့် ထွက်လာသော ဘောလုံးကို နောက်ခံ ဘယ်အစွန်လူ ကျော်စွာ(တောင်ကြီး) မှ ခေါင်းတိုက်သွင်းယူသွားခြင်း ဖြစ်ပါတယ်။
ထို့နောက် ဆက်တိုက်ဆိုသလိုပင် NPMM အတွက် တတိယဂိုးကို ရှေ့တန်းလူ ဝေယံမှ သူဧ။် အင်တာပိုလီ ၇-ဂိုးမြောက် အဖြစ် တဖက်နောက်တန်းလူများကို လှလှပပ လှည့်ပတ်ကာ သွင်းယူခဲ့ပါတယ်။ SPMFC အသင်းမှလည်း ချေပဂိုးများ ရရှိရန် အားထည့်ကစားရာ သေချာပေါက် ၂ ဂိုးခန့်ကို NPMM ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ ထို့ကြောင့် ပထမပိုင်းပြီးချိန်မှာ NPMM အသင်းမှ ၃ ဂိုး- ၁ ဂိုးဖြင့် ဦးဆောင်ယှဉ်ပြိုင်ကစားနေပါတယ်။
ဒုတိယပိုင်းယှဉ်ပြိုင်သောအခါ SPMFC အသင်းမှ လူစားလဲ ကစားမှုများ ပြုလုပ်သဖြင့် ပိုမို ထိထိမိမိ ကစားနိုင်ခဲ့ပါတယ်။ ထို့ကြောင့် SPMFC အတွက် ဒုတိယဂိုးကို ထောင့်ကန်ဘောမှ တဆင့် လူစားဝင်လာသော ကစားသမားမှ နောက်ပြန်ကန်ကာ လှလှပပ သွင်းယူခဲ့ခြင်း ဖြစ်ပါတယ်။ သို့အတွက် SP အသင်းမှပင် အားတက်လာကာ ဆက်လက်ပြီး တွန်းအားပေး ကစားလာနိုင်ခဲ့ပါတယ်။ ထိုအချိန်တွင် NPMM တောင်ပံကစားသမား ပြည့်ဖြိုး ၂ ၀ါ- ၁ နီနှင့် ထုတ်ခံရသဖြင့် ၁၀ ယောက်- ၁၁ ယောက်နှင့် ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။
လူ ၁ ယောက်အသာရသွားသော SPMFC အသင်းမှ တရစပ် ထိုးဖောက်တိုက်စစ်ဆင်ကစားလာသောကြောင့် NPMM နောက်တန်းနှင့် ဂိုးသမား အသေအကြေ ဖျက်ထုတ်ခဲ့ရပါတယ်။ သို့သော်လည်း NPMM ဂိုးရှေ့တွင် ရှုပ်ယှက်ခတ်နေသော အနေအထားမှ SP ရှေ့တန်းလူက အနီးကပ် သွင်းယူလိုက်သောကြောင့် တဖက် ၃ ဂိုး စီနှင့် ပွဲရှိန်အမြင့်ဆုံး အခြေအနေသို့ ဆိုက်ရောက်လာပါတယ်။ NPMM UNITED အသင်းဟာ လူ ၁၀ ယောက်ဖြင့် မိနစ် ၃၀ ကျော်ခန့် ခံကစားခဲ့ရပါတယ်။ ဒုတိယပိုင်း ခရာမှုတ်ချိန်တွင် တဖက် ၃ ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်နေပါတယ်။
ထို့နောက် အချိန်အနေအထားဟာ အလွန်နောက်ကျနေသဖြင့် ဆက်လက်ပြီး အချိန်ပို ကန်မည်လော၊ ပင်နယ်တီ တိုက်ရိုက်ကန်မည်လောကို ၂ ဖက်တာဝန်ရှိသူများ ဆွေးနွေးတိုင်ပင် ခဲ့ပါတယ်။ ဒိုင်လူကြီး ဧ။် ဆုံးဖြတ်ချက်အတိုင်း အချိန်ပို ၇ မိနစ်စီ ယှဉ်ပြိုင်ရန် သဘောတူခဲ့ပါတယ်။
သို့သော် အချိန်ပို ပထမပိုင်းပြီးချိန်အထိ တစ်ဖက်နှင့် တစ်ဖက် မည်သူ့မည်သူ မျှ ဂိုးဝင်အောင် ဆက်လက် မသွင်းနိုင်သဖြင့် သရေ ရလဒ် နှင့် ခရီးဆက်နေပါတယ်။ ထိုအချိန်တွင် NPMM ကစားသမား ဘဲကြီး (ထက်စံဝေ) မှ အမောစို့ကာ စိုးရိမ်ဖွယ် အခြေသို့ ကျရောက်ခဲ့ပါတယ်။ အချိန်ပို ပထမပိုင်းပြီးချိန်တွင် အမှောင်ထု လွန်စွာဖုံးလွှမ်းနေသဖြင့် ဒိုင်လူကြီးက ပွဲကို ရပ်နားကာ ပင်နယ်တီ ကန်သွင်းရန် ဆုံးဖြတ်ခဲ့ပါတယ်။
ပင်နယ်တီကန်သွင်းသော အခါ SPMFC အသင်းမှ ဂိုးသမားပြောင်းကာ ဖမ်းခဲ့ပါတယ်။ ၂ ဖက်ပင်နယ်တီ ကန်သွင်းပုံမှာ -
ဝေယံ(NP) (ဂိုး) ဇာနည်ဦး(SP) ( ဂိုး) သာပြည့် (NP) (ဂိုး) ဗညား (SP)(ဘားထိတွက်) ကိုဘော် (NP)(ဂိုး) ကိုလင်းထက် (SP)(ဂိုး) စထွန်းအာင်ခိုင်(NP) (ဂိုး) စည်သူ(SP) (ဂိုး) ခိုင်မြဲ (NP)(ဂိုး) ဖြစ်ကြပါတယ်။...။
နောက်ဆုံးမှာတော့ NPMM UNITED အသင်းဟာ အသင်းခေါင်းဆောင် စပီး ပြောသလို ၃ နှစ် ၃ မိုးစောင့် ခဲ့ရတဲ့ Interpoly ချန်ပီယံ ဒိုင်းဆုကြီးကို လက်ဝယ်ပိုက်ကာ ရရှိခဲ့ပြီဖြစ်ပါတယ်။
ဆုပေးပွဲအဖြစ်
ဆရာမ ဒေါ်ဆွေဆွေမင်းမှ NPMM အသင်းသားများအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ချန်ပီယံ ဒိုင်းဆုကြီးကို ပေးအပ်ခဲ့ပါတယ်။
အခုလို ချန်ပီယံဆုဖလားကြီး လက်ဝယ်ရရှိခဲ့တဲ့ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ကိုယ်တိုင်လာရောက် အားပေးခဲ့တဲ့
ဆရာ ဒေါက်တာမြတ်မော်ထွန်း၊ ဆရာမဒေါ်ဆွေဆွေမင်း၊ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ပေးခဲ့တဲ့
ဆရာဦးဝေအောင် အစရှိသော ဆရာ၊ဆရာမများ၊
SP, TP, NYP, NTU တို့မှ organizers များနှင့် ကစားသမားများ၊ ပွဲစဉ်များကို အကောင်းဆုံး ထိန်းကြောင်းပေးခဲ့တဲ့
ဒိုင်လူကြီးများ၊ ဆက်လက်ပြီး ဖိုင်နယ်ပွဲအတွက် ငွေအင်အားစိုက်ထုတ်ပေးခဲ့တဲ့
ကိုဟန်ထွန်း၊ ကိုနေလင်းထွန်း ဦးဆောင်တဲ့ graduate ချစ်ကိုကြီးများ၊ အသင်းကို အကောင်းဆုံးဦးဆောင်မှုပေးခဲ့တဲ့ အသင်းခေါင်းဆောင်
စပီး၊ ကိုသားငယ်၊ ကိုဘော်ကြီး၊ အားလုံးအားလုံးသော ကစားသမားများ၊ ပွဲစဉ်တိုင်းကို အလုပ်အကိုင်ပျက်ကာ အားတက်သရော လာရောက် အားပေးတဲ့
ကိုအရိုင်း၊ ကိုငတင့် ဦးဆောင် ပရိသတ် တပ်ပေါင်းစု ကြီး (engineering ရော၊ HS ရော ဘက်မှ ပရိသတ်အားလုံး အားလုံး) ၊ ပိုစတာတွေ အလံတွေ အားတက်သရော လုပ်ပေးတဲ့
အောင်ရဲ(ရည်မွန်ဦး)၊ ၀င်းလေး၊ သံချပ်ရေးပေးတဲ့
အားမာန်၊ ပစ္စည်းတွေ သယ်ယူပေးတဲ့
အာကာ၊ချမ်းငြိမ်းစိုး နှင့် အဖွဲ့ ...
အားလုံးအားလုံး သောသက်ဆိုင်သူများကို ကျေးဇူးအများကြီး တင်ပါကြောင်း အသင်းဖော်များ ကိုယ်စား ပြောကြားအပ်ပါတယ်..။(အဲ ကျန်သေးတယ်ဗျ... personal ပေါ့နော်.... အမြဲဘေးနားမှာ အားပေးတဲ့
မှင်စာလေး(စိတ်ပုတ်လေး) ကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ...)2008-09 Interpoly Champion အသင်းသားများကို ဂုဏ်ပြုပါတယ်။
- ကျော်သူထက်(စပီး)
- ဖြိုးဘော်ဆွေ(ကိုဘော်ကြီး )
- မင်းမင်းမြတ်(ကိုသားငယ်)
- သက်ဝေလင်း(ဘုန်းကြီး)
- ဇေယျာဖြိုး(ဂတုံး)
- စထွန်းအောင်ခိုင်(လင်းဂွင်း)
- ခိုင်မြဲစိုးနိုင်(မြဲလေး)
- ပြည့်ဖြိုးမော်(ဖက်တီး)
- ကျော်ဝေယံထက်(ဝေယံ)
- ထက်စံဝေ(ဘဲကြီး)
- ထက်မြတ်အောင်ဆင့်(ထက်မြတ်)
- ကျော်ထူး
- ကျော်စွာသိန်း(တောင်ကြီး)
- သက်ထူးဟန်
- ဥာဏ်မျိုးထွန်း(ဥာဏ်လေး)
- နေလင်းသူ
- ဂျိုးဇက်တင်ကို(ဂျိုးဇက်)
- သာပြည့်စုံ(သာပြည့်)
- ဇေယျာမင်း
- ချစ်ဆွေသန့်(ဖိုးစိန်)
- စိုးပြည့်
အားလုံးကို ဂုဏ်ပြုလျှက်......
NPMM UNITED..!!!!!WE ARE THE CHAMPIONS..!!!!
တိုက်ပွဲနေ့ အမှတ်တရများ
စိန်စပီးကြီးနဲ့ (အာကိုပြဲနေတာပဲ)

controlling the team..!!!

တိုက်ပွဲမတိုင်ခင်

ဂတုံးကွ... ဟားဟား..

အဲဒီ အလံကြောင့် နိုင်တာတဲ့ (သူတို့က တစ်မျိုး)

ဟိုသွားဒီသွားပေါ့... (လူရှိန်တာပေါ့)

ပွဲမတိုင်ခင် ဟိုဟာလုပ် ဒီဟာလုပ်

မလုပ်ရသေးဘူး... နားတာက အရင်

ကိုယ့်အကြောင်းကိုယ်သိ.. ဒူးမကောင်းတဲ့ ကောင်တွေ (ဟင်း..ဟင်း..)

ဒါမှ.. အန်ပီမြန်မာတဲ့ဟေ့....

ဒိုင်းကြီးနဲ့ တူပျော်ပျော်

ဂုဏ်ပြုပွဲတုန်းကပေါ့....

ဒါလေးရဖို့အရေးကို... အသက်ထွက် မတတ် ကန်ခဲ့ရတယ်...
Labels: NPMM
10:00 AM
♥the unknown sercets♥